စာစဉ်၃ (အပိုင်း ၁၉)

1.1K 110 2
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၉။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကတည်းက ထိုမြေခွေးမလေးက သူ့ရဲ့ ဒဏ်ရာကို သေချာဂရုစိုက်ပြီး ကုသပေး၏။ သူ့ဒဏ်ရာအတွက် လိုအပ်သည့် ဆေးဝါးများကိုလည်း ကြိုးစားရှာဖွေပေးတာကြောင့်.....

အခုဆိုလျှင် သူသည် မတ်တပ်ရပ်ကာ လမ်းလျှောက်လို့တောင် ရနေလေပြီ။ ဒါပေမယ့် သူမ၏ ဂူအပြင်ဘက်လောက်အထိတော့ မလျှောက်နိုင်။

သူမကို ရှောင်နေဖို့က အရမ်းကို ခက်ခဲလှ၏။ ဒါပေမယ့် တစ်ခါတစ်လေ သူမ ရှိနေရင်တောင် လျစ်လျူ ရှုထားလိုက်သည်။

အခုလို ရှောင်နေတာက မြေခွေးမလေးရဲ့ ကမ်းလှမ်းချက် ပြီးကတည်းကပင်။

ဘယ်လိုလူက ဒီကမ်းလှမ်းချက်ကို လက်ခံမှာတုန်း။

သူက သူမကို ရှောင်နေပေမယ့် သူမကတော့ ရှက်ကိုးရှက်ကန်းနဲ့ အမြဲ ပြုံးနေ၏။ ဒါမှမဟုတ် သူ့ကို ဂူထဲမှာ တစ်ယောက်တည်းထားကာ သူ့အတွက် အစာတွေပါ သွားရှာပေးတတ်သေးသည်။

သူမ အစာစားနေတာကိုလည်း တစ်ခါမှမမြင်ဖူးသလို မေးလည်း မမေးရဲ။

" ရှင့်နာမည် ဘယ်လိုခေါ်လဲ..?''

သူ၏ မျက်ခုံးအစုံ မြင့်တက်သွားသည်။
သူမက သူ ကလေးဘဝတုန်းက ဖြစ်ခဲ့တဲ့အရာနဲ့ ဒီလောက်ကြာတာတောင် သူ့မျက်နှာကို မှတ်မိတဲ့ဟာ...သူ့နာမည်ကိုတောင် မသိဘူးတဲ့လား။

" မင်းမသိဘူးလား...''

" ဘယ်သိမတုန်း...''
သူမက စောစောကလိုက်ခဲ့တဲ့ သမင်သားကို သူ့အတွက် ချက်ပြုတ်ပေးရင်း ပြုံးဖြဲဖြဲနဲ့ ပြောလာ၏။

" ရှန်းရီ...''
သူ ဖြေလာ၏။

သူမရဲ့မျက်နှာမှာ အပြုံးပန်းလေးတွေ ဖူးပွင့်လာချေ၏။

" မင်းနာမည်ရော...''

" အာ...ကျွန်မတို့မှာ နာမည်မရှိဘူး...''
မြေခွေးမလေးက ရယ်လိုက်ကာ အခြားဘက်ကိုလှည့်လိုက်၏။

မီးရဲ့ အလင်းရောင်ကြောင့် သူမ၏ မျက်နှာသည် တောက်ပနေကာ......

ရှန်းဗိုလ်ကြီးက သူမကို ကြည့်လိုက်၏။

" ဘာဖြစ်လို့လဲ...?''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now