စာစဥ်၄(အပိုင်း ၃၆၊၃၇)

568 71 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း ၃၆

ရှန်းရီက လုချင်းယီကို ပွေ့ချီကာဖြင့် ကားနောက်ခန်းဆီ သွားနေချိန်တွင် ချောင်ဟဲက အပြင်မှာရပ်နေ၏။ သူတို့နှစ်ယောက်လုံး ကားထဲမှာ နေရာယူပြီးသည့်အချိန်မှ ချောင်ဟဲတစ်ယောက် ကားထဲကို မြန်မြန်ဝင်ပြီး မောင်းသူနေရာမှာ ဝင်ထိုင်၏။ထို ့​နောက် သူက ကားနောက်ခန်းက စုံတွဲကြားမှာ အနှောင့်အယှက် ပေးမိနေလားဆိုပြီး တွေးနေတော့သည်။

" ကိုယ်... မင်းကို ခါးပတ်ပတ်ပေးရမလား....?''ပြီးနောက် ရှန်းရီလည်း သူမအဖြေကို မစောင့်ဘဲ ချက်ချင်း ခါးပတ် ပတ်ပေးတော့ လုချင်းယီ သူ့ကို ကြည့်နေမိသည်။ ထိုလူကြီးကို သူမလက်ထပ်လိုက်သည်က အိမ်မက်မက်နေသလိုပင်။

အကယ်၍ ထိုသငေ်္ဘာခရီးစဉ်မှာသာ ရှန်းရီနှင့် မဆုံမိလျှင် သူမဘဝက ဘယ်လိုဖြစ်နေမှာပါလိမ့်...။ လုချင်းယီ ​သေချာပြောနိုင်သည်က....
သူမချစ်သူကုန်းယီကျွင်းနှင့် အချစ်ဆုံးသူငယ်ချင်းကြီး မန်ကျောက်တို့၏ သစ္စာဖောက်မှုကြောင့် နှလုံးသားက နာကျင်မှုကို အလူးအလိမ့် ခံစားရပြီး အဓိပ္ပါယ်မရှိသည့် နေ့ရက်တွေကို မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ဖြတ်သန်းနေရမှာပင်။

" ကိုယ်တို့ ဆေးရုံကို သွားနေတယ်....''
လုချင်းယီ...၊ ခြေကျင်းဝတ်မှ နာကျင်မှုကို ရုတ်တရက် မေ့သွားပြီး သူ့ကို ကြောင်ကြည့်ကာဖြင့်.....

" ဟင်...? ဘာဖြစ်လို့ သွားရမှာလဲ...?''

" မင်းခြေထောက်ကို ဆရာဝန်ဆီ ပြမလို့လေ...၊
ခြေထောက်ရဲ့ အခြေအနေကို ကိုယ်သေချာသိရမှ ဖြစ်မယ်....လက်လည်း စစ်ရမယ်...''

သူ့ရဲ့စကားကြောင့် လုချင်းယီ.... မျက်ခုံးမြင့်တက်သွားပြီး....

" ရှင်...နောက်နေတာမလား....?''

" ဘာလို့ နောက်ရမှာလဲ....? အခုဆိုရင် မင်းက Silver Leafရဲ့ တရားဝင် ကျောင်းသူဖြစ်လာပြီ....နောက်အချိန်နည်းနည်းပေးပြီးရင် အရမ်းတော်တဲ့စားဖိုမှူးဖြစ်လာမယ်....ကိုယ်တို့ ရှန်းမိသားစုကနေ ပေါ်ထွက်လာမယ့် စားဖိုမှူးကောင်းတစ်ယောက်ကို ကိုယ်က ဒဏ်ရာသေးသေးလေးကအစ ဂရုစိုက်ရမှာပေါ့....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now