စာစဥ်၅(အပိုင်း ၂၈)

545 62 6
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။အပိုင်း ၂၈

ဟဲဟောင်ကျန်းတစ်ယောက် သူ၏ သံသယဖြစ်မှုအတွက် စမ်းသပ်မှုပြုလုပ်ရန် ရုတ်တရက် ဆုံးဖြတ်လိုက်တော့သည်။

'' မိန်န....၊  စောစောက မင်းလုပ်ထားတဲ့ ရွှေဖရုံသီး စွပ်ပြုတ်ကို ယူလာခဲ့ပါလား....?''

မိန်နတစ်ယောက် သူ့အား ပြုံးပြလိုက်ပြီး ထိုအပြုံးက သူ့ရဲ့ အကြံအစည်ကို သိနေသယောင်။

''ကောင်းပြီလေ.....''

ထို့နောက် သူမက ဧည့်သည်တွေဘက် လှည့်လိုက်ကာ....

''သခင်မလေးရှန်း၊ မိန်းကလေးမို.....ကျွန်မရဲ့ ရွှေဖရုံသီးစွပ်ပြုတ်ကို မြည်းစမ်းကြည့်ပေးပါလား။ ဒါက အန်ယန်းအတွက် ပထမဆုံးချက်ပေးဖူးတာပဲ။ဒါပေမယ့် ကောင်းမကောင်း ကျွန်မလည်း မစဥ်းစားတတ်တော့ဘူး.....''

စောစောကတည်းက ထိုစွပ်ပြုတ်ကို ဟဲဟောင်ကျန်း(ချူအန်ယန်း)က မြည်းစမ်းပြီးသွားလေပြီ။

တူညီသောစွပ်ပြုတ်ကို အသုံးပြုခြင်းအားဖြင့်
လုချင်းယီတွင်လည်း သူမအဖေ လုစီဖေးကဲ့သို့ ' ပြိုင်ဖက်ကင်းသော အရသာခံနိုင်စွမ်း' ရှိမရှိကို
ဟဲဟောင်ကျန်း သိချင်နေပေသည်။

'' ရတာပေါ့၊ ကျွန်မတို့ ဘာလို့ မကူညီနိုင်ရမှာလဲ.... ?''
မိုလီဟွေ.....ချက်ချင်းပင် ခေါင်းငြိမ့်ပြလာ၏။
အခုလို အေးမြတဲ့ ရာသီမှာ ရွှေဖရုံသီးစွပ်ပြုတ်ကို သောက်ရတာက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ......?

ဂိုမိန်န ပြန်လာပြီးနောက်......
ပူပူနွေးနွေး ရွှေဖရုံသီးစွပ်ပြုတ်သုံးပန်းကန်ကို စားပွဲပေါ်၌ ချပေး၏။

ပြီးနောက် လုချင်းယီနှင့် မိုလီဟွေတို့၏ အကြံပြုချက်များကို နားစွင့်နေတော့သည်။

'' ဘယ်လိုလဲ.....?''
ဂိုမိန်န.... စိတ်လှုပ်ရှားစွာဖြင့် မေးလာလေ၏။

ဟဲဟောင်ကျန်းကတော့ တစ်ဇွန်းသာမြည်းစမ်းပြီး ထပ်မကိုင်တော့ချေ။

'' အာ....အရမ်းကောင်းတာပဲ....! ကျွန်မ ဘဝတစ်လျှောက်လုံး စားဖူးခဲ့ပေမယ့် ဒီတစ်ခေါက်ကတော့ အကောင်းဆုံးပဲ....!''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now