စာစဉ် ၃(အပိုင်း ၁၃)

1.3K 123 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၃။

သူမယောင်္ကျားက တစ်ခုခုမူမမှန်နေဘူးဆိုတာကို လုချင်းယီ သိပေမယ့် ဘာဖြစ်နေလဲဆိုတာကိုတော့ သူမ မခန့်မှန်းနိုင်ပေ။ ဒါပေမယ့် သူ့ဆီကနေ ချောကလက်အနံ့ တော့ ရလိုက်မိပါ၏။

" ကိုယ်...ညစာချက်ထားတယ်...''

လုချင်းယီ...မေးရိုးတို့ပြုတ်ကျသွားရပြီး သူမရဲ့ အချောလေးကို သေချာစိုက်ကြည့်နေမိသည်။
သူ...ဟာသတွေ ပြောနေတာလား။ ဒါမှမဟုတ် တကယ်ကြီးလား...။ သူ့မျက်လုံးကို ကြည့်တော့လည်း တလက်လက်တောက်ပနေသည်။ သူမ သေချာပြောနိုင်တာကတော့.....
သူ စိတ်လှုပ်ရှားနေတာပင်။

နောက်ပြီး..

' တော်လိုက်တာ'လို့ ချီးမွမ်းပြီး ခေါင်းလေးကို ပွတ်သပ်ပေးမယ့် သခင်ရဲ့ အထိအတွေ့ကို စောင့်နေတဲ့ ခွေးလေးတစ်ကောင်နဲ့လည်း တူနေပြန်သည်။

" တကယ်ကြီး ရှင်ချက်ထားတာလား..၊ ဒါမှမဟုတ် ရွှီနဲ့ အော်ဒါမှာခိုင်းလိုက်တာလား...''
သူမလေးက မထိတထိလေး စလာ၏။

ရှန်းရီ..ရယ်လိုက်ကာ...

" တကယ် ကိုယ်ပဲ ချက်ထားတာပါ...''

အို...၊ ဒါက ပထမဦးဆုံး သူမအတွက်  ရှန်းရီ ချက်ပြုတ်ပေးတာပဲ။ အရင်က အသားညှပ်ပေါင်မုန့်နဲ့ ကော်ဖီတော့ လုပ်ပေးဖူးသည်။
လက်ထပ်ပြီးကတည်းက ရှန်းရီချက်ပြုတ်တာကိုလည်း  တစ်ခါမှ မမြင်ဖူးခဲ့ပေ။

အား...ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ...။

ရှန်းရီက သူမကို လက်တစ်ဖက် ကမ်းပေးလိုက်ကာ....

" သွားကြစို့...သခင်မလေး...''

" ကဲ...စားဖိုမှူးလေး ၊ လမ်းပြပေတော့...''

လုချင်းယီ...တခစ်ခစ်ရယ်လိုက်ကာ သူ့လက်မောင်းကို ဖက်တွယ်လိုက်၏။

ရှန်းရီက သူမကို သူတို့ရဲ့ ပန်းခြံနား ခေါ်သွား၏။ ပန်းခြံရဲ့ ရှေ့နားမှာ စားပွဲလေးပြင်ထားပြီး ဖယောင်းတိုင်မီးလည်း ထွန်းထား၏။

အရမ်း ...အရမ်းကို စိတ်ကူးယဉ်ဆန်ပြီး အေးချမ်းလှတဲ့ ညလေးပါလား။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now