စာစဥ်၅ (အပိုင်း ၂၉)

595 62 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ် ၅။ အပိုင်း ၂၉



ဟဲဟောင်ကျန်း၏ စကားကြောင့် လုချင်းယီ နားမလည်နိုင် ဖြစ်သွား၏။

သူမရဲ့ နာမည်နှင့် စားသောက်ဆိုင်အများကြီးဖွင့်ပြီး စားဖိုမှူးတစ်ယောက်၊ အစာသွပ်မုန့်လုပ်သူတစ်ယောက်အနေနဲ့ ရှိနေချင်တာက သူမအိမ်မက်ပင်။

ဒီလူကြီးက စားဖိုမှူးတစ်ယောက်ဖြစ်ပြီး ဘာလို့ Silver Leafဆီသွားတာက အကျိုးမရှိသလိုပြောရတာလဲ.....?

'' ဘာလို့ အဲ့လိုပြောရတာလဲ...?''

'' ပထမအချက်က....Silver Leafဆိုတာ တကယ်တမ်း စစ်မြေပြင်တစ်ခုလိုပဲ။ ဟင်းချက်တော်တယ်ဆိုတဲ့ အရည်အချင်းတစ်ခုတည်းနဲ့ မလုံလောက်ဘူး....သည်းခံတတ်ရတယ်၊ ကြံ ့ကြံ့ခံနိုင်တဲ့ အရည်အချင်းတွေရှိရသေးတယ်။ကျော်ကြားမှုတစ်ခုအတွက်နဲ့ ကျောင်းသားတွေဟာအချင်းချင်းတိုက်ခိုက်ကြတယ်။ အဲ့လိုလုပ်တာကြောင့် နာမည်ကြီး စားဖိုမှူးတွေရဲ့ အာရုံစိုက်မှုကိုရပြီး အဲ့ဒီစားဖိုမှူးတွေက သူတို့ရဲ့ ငယ်သားအဖြစ် လေ့ကျင့်မှုတွေ ပေးတော့တာပဲ...''

'' ပြီးတော့ရော....?''
လုချင်းယီ၏ မျက်နှာသည် မည်းမှောင်နေပေသည်။ ဟဲဟောင်ကျန်းပြောနေသည်က လူတိုင်းသိထားသည့် သတင်းတစ်ခုပင်။ သူမလည်း ဒီလိုအရာတွေကို ကိုယ်တိုင်သိသိကြီးနဲ့ အတတ်ပညာရရန်အလို့ငှာ ဝင်ခဲ့တာပဲ မဟုတ်ပါလား။

'' မင်းမှာ ထူးခြားတဲ့ အရသာခံနိုင်စွမ်းတွေရှိတယ်။ ဒါက ဘယ်လိုအရေးပါလဲဆိုတာကို မင်းလည်း သိတယ်မလား...? တစ်ချိန်ကျရင် ကျောင်းသားတွေအားလုံးဟာ မင်းကို ဦးညွတ်ကြရလိမ့်မယ်။ ဝိုင်မြည်းစမ်းတဲ့သူတွေလိုပဲ အစားအသောက်မြည်းစမ်းတဲ့ ပညာရှင်ဆိုတာ ဒီနယ်ပယ်မှာ အရမ်းကို လိုအပ်နေတယ်။ အဲ့တာကြောင့်.......မဒမ်ရှန်း......!''

ဟဲဟောင်ကျန်းတစ်ယောက် လုချင်းယီ၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်လိုက်ပြီး.....

'' ကျွန်တော့်ကို ပြိုင်ပါ....!''
(ဟဲဟောင်ကျန်းက အသက်၄၀အရွယ်လူကြီးဆိုပေမယ့် ငါချည်းပဲ သုံးရင် အဆင်မပြေလို့ ကျွန်တော်လို့ပဲ သုံးလိုက်ပါတယ်)

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now