စာစဥ်၅(အပိုင်း၂၄)

473 58 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၂၄


ခွေးအကြောင်းပြောမှ ရွှီနှင့်ထားခဲ့သည့် သူမခွေးလေးနှစ်ကောင်ကို သတိရသွားတော့သည်။
သူမရဲ့ အမွေးပွပွနဲ့ ကလေးတွေကို မတွေ့ရတာလည်းကြာပြီဖြစ်တဲ့အတွက် လွမ်းချင်သလိုတောင် ဖြစ်လာသည်။

အရမ်းဆိုးသည်က သူတို့လေးတွေကို Silver Leafက ခေါ်လာဖို့ ခွင့်မပြုဘူးလေ။ ဒါမှန်းသိရင် ဒီကို ခေါ်လာပါပြီ။

လုချင်းယီ၊ ဆံပင်လည်း မသေမသပ်ဖြစ်နေကာ
လည်ပင်းတွင် ရှန်းရီချန်ထားသည့် ကိုက်ရာများလည်း ရှိနေပေသည်။

ရှန်းရီကတော့ သူမကို ပိုင်ဆိုင်ကြောင်း တစ်လောကလုံးကိုအသိပေးချင်နေတဲ့ပုံပဲ။

လုချင်းယီ...သူမပါးစပ်အားပိတ်ကာဖြင့် သန်းဝေလိုက်သည်။

'' မိန်းကလေးမို..၊ အချိန်ကိုက်ကိုရောက်လာတာပဲ။ မီးဖိုချောင်မှာ ကြမ်းတိုက်ဖို့အတွက် လူလိုနေတာ...''
လုချင်းယီ ခနဲ့လာ၏။

''နင်...!''
မိုလီဟွေမျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားလေ၏။
သူများကို နာအောင် ခနဲ့တတ်တာက လုချင်းယီရဲ့ အရည်အချင်းများလား။ လူကြားထဲတောင် ဟန်ဆောင်ပန်ဆောင်လေး ယဥ်ကျေးပြလို့မရဘူးလား...။

လုချင်းယီ လည်ပင်းနှင့် ညှပ်ရိုးမှ အချစ်ကိုက်ရာများကို တွေ့ပြီး သူမမျက်နှာသည် ရဲတက်သွားသည်။ ဟင်...ဘယ်လောက်တောင်အရှက်မရှိလိုက်လဲ....? သူတို့ရဲ့အတွင်းကိစ္စကို လူတွေသိအောင် လိုက်ပြချင်နေတာလား...?

'' ဒါမှမဟုတ် ဒီကို ဆိုင်စောင့်ခွေးလုပ်ဖို့ လာလျှောက်တာလား...? နင့်အသံက အရမ်းကို ကျယ်လွန်းတယ်...''

'' လီဟွေ..! ပြဿနာဖြစ်အောင်မလုပ်နဲ့လို့ပြောထားတယ်မလား....? နင် ငါ့ကိုမကူညီချင်ရင်နေ လိုက်မနှောင့်ယှက်နဲ့...''
မိုလီဝေ သူ့ညီမအား ပိတ်ဟောက်နေ၏။

'' စိတ်ပျက်စေမိလို့ တောင်းပန်ပါတယ်။ ကျွန်တော်တို့ ဒီကို အလုပ်ကိစ္စ ဆွေးနွေးချင်လို့ လာတာပါ''

'' အာ....ရှင့်ညီမက ကျွန်မကို လူလိမ်လို့ စောနက ေခါ်လိုက်တယ်နော်။ ကျွန်မ ဘာများလုပ်ထားမိလို့လဲ....?''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now