စာစဉ်၃ (အပိုင်း ၂၄-၃၀)

1.3K 114 2
                                    

  ❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၂၄။

လုချင်းယီ....၊ သူမက ချမ်းသာတဲ့ သူတွေအကြောင်းကို သိပ်မသိပေမယ့် ရှန်းမိသားစုဝင်ဖြစ်လာပြီးကတည်းက ကလေးတွေအတွက် ဈေးဝယ်ထွက်မယ်ဆိုလည်း သာမန်ဈေးထက် ရှော့ပင်းမောကိုသာ လှမ်းလို့လာခဲ့၏။ သူမက လူမသိတဲ့အတွက် အရေးမကြီးပေမယ့် ဒီ ရှန်းသွေးသားနှစ်ယောက်အတွက်တော့ သူမအကောင်းဆုံးပဲ လုပ်ပေးချင်သည်။

ရှောင်လန်က သူမရဲ့က​လေးအတွက်ပါ ဝယ်မယ်ဆိုပြီး ချင်းယီနှင့်အတူ လိုက်လာ၏။

" ကလေးကစားခန်းနဲ့ အလိုက်ဆုံးက မနုလွန်းမရင့်လွန်းတဲ့အရောင် သုံးရင် အကောင်းဆုံးမဟုတ်ဘူးလား။ ငါနဲ့ ငါ့ယောင်္ကျားကလေ အရောင်နဲ့ ပတ်သက်ပြီး ငြင်းခုန်နေကြတာ။ အခုထိ အဖြေကိုမရသေးပါဘူး....''

ရှောင်လန်က သူမ၏ လက်ကိုင်အိတ်ထဲကို ဖုန်းထည့်ရင်း ပြောလာချေ၏။

" ငါလည်း မသိဘူး၊ ကလေးက ဘာလေးလဲဆိုတာကိုရော ပြောလိုက်သေးလား....''
လုချင်းယီမေးလိုက်ကာ..... ကလေးအဝတ်ဆိုင်က ဘယ်နားမှာလဲဆိုပြီး လိုက်ကြည့်လို့နေ၏။

ပထမအထပ်ကနေ လေးထပ်မြောက်အထိ ဈေးကြီးတဲ့ အဝတ်အစားတွေ ၊ လက်ကိုင်အိတ်တွေရောင်းတာဖြစ်ပြီး၊ ငါးထပ်မြောက်ကနေ ခုနစ်ထပ်မြောက်အထိကတော့ ကျောက်မျက်ရတနာဆိုင်၊ ဖိနပ်ဆိုင်တွေချည်းပင်။ အပေါ်ဆုံးအထပ် မှာတော့ စားသောက်ဆိုင်​တွေများ၏။

သုံးလွှာကိုသွားမလို့ ဓာတ်လှေကားထဲဝင်တော့ လုချင်းယီ၊ သူမ မမြင်ချင်ဆုံးသူနှင့် ဆုံရပြန်သည်။ အဲ့တာကတော့ ဆန်းကျီရန်ပင်။

ထိုအမျိုးသမီးက လုချင်းယီကို သတိပြုမိတာနဲ့ မျက်လုံးအပြူးသားဖြစ်သွား၏။ လုချင်းယီနှင့် ကလေးတွေဝင်လာတော့ သူမက ဘေးကို ရွှေ့ပေး၏။

လုချင်းယီတစ်ယောက် ဆန်းကျီရန်ကို လျစ်လျူ ရှုလိုက်၏။ ကလေးတွေအရှေ့မှာလည်း မငြင်းခုန်ချင်ပေ။ သူမရဲ့ စိတ်ထဲမှာတော့ အလိုမကျမှုတွေ တင်းခံနေလေပြီ။ ယွီရန်လေးက သူမရဲ့လက်ကို လာကိုင်တော့ သူမပြုံးလိုက်၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now