စာစဥ်၄ (အပိုင်း။၁၁၊၁၂၊၁၃)

603 66 1
                                    

❤ စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၄ ။ အပိုင်း ၁၁

ဆယ်မိနစ်ကြာပြီးနောက် မိန်လိက အချိန်သတ်မှတ်ပေးပြီးတာနဲ့ ပြိုင်ပွဲဝင်တွေအားလုံး အရှိန်အဟုန်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့သည်။

လုချင်းယီတစ်ယောက် သူမကိုယ်လုံး ပိန်ပိန်ပါးပါးနှင့် အခြားသူတွေကြားထဲတိုးကာ လိုအပ်သည့်ပစ္စည်းများကို ယူဖို့ ကြိုးစားနေ၏။ ပထမအဆင့်မှာလိုမျိုး အချိန်နောက်ကျသွားမှာကို သူမအရမ်းကြောက်နေမိသည်။

ထို့နောက် သူမက အရိုးတုံးကြီးကြီးနဲ့ အမဲသား၊ ကြက်သားအကောင်တစ်ဝက်၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ်...၊ မုန်လာဥနှင့် နံနံပင်တို့ကိုယူ၏။ အခြားဟင်းခတ်အမွှေးအကြိုင်တွေကိုပါ ယူကာ သူမနေရာကို ပြန်သွားပြီး စတင်ပြင်ဆင်တော့သည်။

လုချင်းယီက အသားတုံးကို မိနစ်အနည်းငယ် ဆားရည်စိမ်ပြီး​နောက် ပန်းကန်လုံးတစ်လုံးထဲသို့ထည့်ကာ ဟင်းခတ်အ​မွှေးအကြိုင်တွေနယ်ပြီး အဝတ်စအိတ်သေးသေးတစ်ခုထဲသို့ ထည့်လိုက်၏။ ပြီးပြည့်စုံတဲ့ စွပ်ပြုတ်တစ်ခွက်ရဖို့ ၁နာရီနဲ့ မလုံလောက်ဖူးဆိုတာကို သူမ သိပေမယ့် အတတ်နိုင်ဆုံး ဖြစ်မြောက်အောင် လုပ်ဆောင်မည်ဟု ဆုံးဖြတ်လိုက်သည်။

သူမရဲ့ လုပ်ပုံကိုင်ပုံကြောင့် ဘေးနားကနေ တီးတိုးသံတွေ ထွက်ပေါ်လာသည်။ လုချင်းယီက ချက်ပြုတ်ရာတွင်ပဲ စိတ်နှစ်ထားပြီး ဘာမှကို ဂရုမစိုက်။ ကြက်အကောင်တစ်ဝက်ကို အိုးကြီးကြီးထဲမှာ ထည့်ကာ ရေများများလောင်းထည့်ပြီး ဂျင်းနှင့် ဆားထည့်ကာ ဆူအောင် တည်တင်ထားလိုက်သည်။ ဟင်းခတ်အမွှေးအကြိုင်တွေနယ်ထားတဲ့ အသားတုံးကိုတော့ ရေဆူပြီးမှ ထည့်ဖို့ စဉ်းစားလိုက်သည်။

စွပ်ပြုတ်အိုးကို မီးဖိုပေါ်မှာ တည်ထားတုန်း လုချင်းယီ၊ ဂျုံအိတ်ကိုယူကာ သန့်ရှင့်တဲ့ ကောင်တာပေါ်မှာ ဖောက်ချလိုက်သည်။ ခေါက်ဆွဲကောင်းရဖို့အတွက် အရေးကြီးဆုံးအချက်က ဂျုံနဲ့ ရေကို အချိုးကျကျရောစပ်ဖို့ပင်။

သူမအဖေရဲ့ နည်းအတိုင်းဆိုရင် ပြည့်စုံတဲ့ခေါက်ဆွဲလုပ်ရာမှာ တိကျတဲ့ အချိုးအဆတွေ မလိုအပ်ပေ။ ဒါပေမယ့် အဲ့လိုလုပ်ဖို့ဆိုတာက အတွေ့အကြုံကလည်း အရေးကြီးတယ် မဟုတ်ပါလား။
သူမက အတွေ့အကြုံအများကြီးရှိသူမဟုတ်ပေမယ့် သူမအချိုးအဆနဲ့ပဲ ဆားနည်းနည်းထည့် ရေနည်းနည်းထည့်ကာ ဂျုံကို စတင်နယ်တော့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now