စာစဥ်၄ (အပိုင်း၁၄၊၁၅)

584 66 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း ၁၄

သူမတို့နိုင်ငံမှာက ခေါက်ဆွဲနဲ့ ပတ်သက်ပြီး အရမ်းခရေစီဖြစ်လှသည်။ ခေါက်ဆွဲက နိုင်ငံရဲ့ အဓိက အရေးကြီးတဲ့ အစားအသောက်ဖြစ်လာသည့်အတွက် လုပ်ရသည့်နည်းလမ်းတွေကလည်း အမျိုးမျိုး ပေါ်ပေါက်လာတော့သည်။ ရိုးရာ လက်လုပ်ခေါက်ဆွဲဆိုရင်တော့ ပျောက်ကွယ်လုနီးပါးဖြစ်လာသလို အိမ်မှာလုပ်ဖို့ဆိုရင်တောင် ဘယ်လိုမှ မဖြစ်နိုင်တော့။

လုချင်းယီ၊ သူမ ငယ်ငယ်တုန်းက သူမအဖေ လက်ဆွဲ ခေါက်ဆွဲလုပ်တာကို မြင်ဖူးခဲ့သည်။ သူမအဖေက ထျန်းလင်ယွီကို ချက်ပြ ုတ်နည်းတွေသင်ပေးတုန်းကပင်။ အဲ့ဒီတုန်းက သူမအဖေ ဂျုံ နယ်သည့် လှုပ်ရှားမှုကအစ သူမသတိရသေးသည်။ သူမအစ်ကိုက ချက်ပြုတ်ရာမှာ ပါရမီရှိသလို သူမကလည်း သူမမြင်ခဲ့ဖူးသမျှ ၊ မြည်းစမ်းခဲ့ဖူးသမျှကို ပြန်မှတ်မိနိုင်သည့် စွမ်းရည်ရှိသည်။

ဒိုင်တွေ သူမပန်းကန်အဖုံးကို ဖွင့်လိုက်တာနဲ့ လုချင်းယီ သက်ပြင်းချမိသည်။ ရီရှဲ့ရန်၏ ဆိုဘာခေါက်ဆွဲနှင့်ယှဉ်လျှင် သူမ၏ အသားခေါက်ဆွဲက ပါဝင်ပစ္စည်းများပြီး အရောင်အသွေးစုံလှ၏။
ပါဝင်ပစ္စည်းတွေအဖြစ်  စွပ်ပြုတ်ထဲတွင် အမဲသား ၊ နံနံပင်... ကြက်သွန်ဖြူ ၊ ငရုတ်သီးအနှစ်နှင့် လက်လုပ်ခေါက်ဆွဲတို့ပါဝင်ပြီး အဲ့လိုခေါက်ဆွဲစွပ်ပြုတ်မျိုးက အရမ်းနာမည်ကြီးလှသည်။

ဒိုင်တွေက သူမရဲ့ လက်ရာကိုမြင်ပြီး မျက်လုံးလက်ကနဲဖြစ်သွားပေမယ့် ဘာမှမပြော။သူမလက်ရာက  သူတို့မျှော်လင့်ထားသလိုမဖြစ်လာပေမယ့် မြည်းစမ်းဖို့အတွက် စိတ်အားထက်သန်နေကြသည်။ အသားခေါက်ဆွဲဆိုတာက နိုင်ငံရဲ့ အရန်သင့်စားနိုင်တဲ့အစားအသောက်ထဲမှာ ပါသည့်အတွက် ဒိုင်တွေအားလုံးသည် စိတ်ပျက်သွားရချေသည်။

သူမ၏ အသားခေါက်ဆွဲသည် ရိုးရိုးရှင်းရှင်းလေး ဖြစ်နေပေမယ့် မွှေးကြိုင်လွန်းသည့်ရနံ့ကြောင့် စားချင်စိတ်များဖြစ်လာကာ တံတွေး မြိုချကုန်၏။
လူတိုင်းကလည်း ဒိုင်တွေမြည်းစမ်းတော့မည့်အချိန်ကို စောင့်စားနေကြသည်။အသားခေါက်ဆွဲပန်းကန်ကြီးက စခရင်ပေါ်မှာ ပေါ်နေသည့်အတွက် ပရိသတ်အားလုံးသည်လည်း သွားရည်သမျှားမျှားဖြစ်နေကြလျက်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now