စာစဥ်၃ (အပိုင်း၃)

2.1K 146 5
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၃။

လုချင်းယီ.၊...အိပ်ရာအိကျသွားသလို ခံစားလိုက်ရပြီး ခဏကြာတော့ ရှန်းရီရဲ့ မျက်နှာက သူမလည်တိုင်ကြားတိုးဝင်လာခဲ့သည်။

" မောနီး....မိန်းမ၊ ဒီနေ့ ဘာနေ့လဲဆိုတာကို သိတယ်မလား...''

" သိပါတယ်....ရှင် သတိပေးစရာကိုမလိုတာ...''

" ကဲ...ဒါဆိုလည်း ထတော့...''
ရှန်းရီက သူမကိုနမ်းရင်း ပြောလာ၏။

လုချင်းယီ...၊ ခေါင်းအုံးကိုယူပြီး သူမမျက်နှာကို ဖုံးထားလိုက်၏။

" ငါးမိနစ်လောက်ပဲ၊ ကျွန်မ အရမ်းပင်ပန်းထားတယ်လေ...''

" မင်းတစ်ယောက်တည်း မဟုတ်ပါဘူး...''
ရှန်းရီ... သူမကို ချစ်စနိုးနဲ့ သူမရဲ့ ပုခုံးသားလေးကို နမ်းလိုက်ပြန်သည်။

" မနေ့ညက ကျွန်မပြောသားပဲမလား....စာမေးပွဲနဲ့ရက်ကပ်နေတယ်လို့....''
ချင်းယီ... ငြီးတွားလိုက်၏။

" လမ်းလျှောက်လို့တောင်မရတော့ဘူးလား...မသိ။ ရှန်းရီ...! အဲ့တာတွေအကုန်လုံး....ရှင့်အပြစ်တွေချည်းပဲ...''

" ဟေး...မနေ့ညက မင်းလည်း မကျေမနပ်ပြောတာမရှိဘူးလေ....ဘာလို ကိုယ့်ကိုပဲ အပြစ်လာတင်နေတာလဲ။ ကိုယ်ရော မပင်ပန်းဘူးလို့ ထင်နေတာလား...''

လုချင်းယီ...၊ ခေါင်းအုံးကိုဖယ်လိုက်ကာ သူမယောင်္ကျားနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး....

" ဘာလဲ....၊ ရှင်ပြောချင်တာက ရှင့်အပြစ်မဟုတ်ဘူး....ရီ ကိုယ်ပွားလေးရဲ့ အပြစ်ပေါ့ ဟုတ်လား....''

" ရီ ကိုယ်ပွားလေး...?''

ရှန်းရီက သူမကို မျက်နှာသေနဲ့ ကြည့်လိုက်ကာ ခေါင်းအုံးကို သူမမျက်နှာဆီ ပြန်ပို့လိုက်၏။
လုချင်းယီ....အော်ရယ်လိုက်ပြီး ထိုခေါင်းအုံးကို တွန်းထုတ်လိုက်ပြန်၏။

ထို့နောက် သူက ချင်းယီရဲ့နှုတ်ခမ်းသားလေးကို ဖြည်းဖြည်းချင်းနမ်းတော့ သူမလည်း သူ့ရဲ့ လည်တိုင်ကို ဖက်တွယ်ထားမိသည်။ ဒါပေမယ့် ဝတ်စုံအပြည့်နဲ့ စတိုင်ကျနေတဲ့ သူ့ရဲ့ ပုံစံကို ရုတ်တက်ရက် သတိပြုမိတော့ သူမက ရှန်းရီကို တွန်းထုတ်လိုက်ပြီး.....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now