စာစဉ်၃ (အပိုင်း ၂၁)

1.1K 115 8
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၂၁။

ရှစ်နှစ်အရွယ်...လုချင်းယီဆိုသည့် ကလေးမလေးသည် သီချင်းလေး ညည်းကာ လည်ဆွဲလုပ်ဖို့ ပန်းတွေကို သီနေ၏။

သူမက မိဘမဲ့ဂေဟာမှာ ခဏနေပြီး သူမ၏ အဖေဘက်က အဖွားလာခေါ်မည်ကို စောင့်နေသည်။

သူမအမေက ရုတ်တရက် သေဆုံးသွားခဲ့ပြီး သူမက ဆန်းစံအိမ်မှာ သွားနေတော့လည်း ကြာကြာမနေနိုင်။ သူမအဒေါ်နှင့် ဆန်းဖေးယန်ကို ကြောက်ရသည်လေ။

သူမအဒေါ်က တစ်ခါတစ်လေ ရိုက်ပြီး ဆန်းဖေးယန်ကလည်း သူမရဲ့ အရုပ်တွေ စာအုပ်တွေကို လုယူ၏။

အဲ့နေရာကို သူမ အရမ်းမုန်းသည်..!
သူမအမေပိုင်သည့် ရင်ထိုးကို ဆန်းဖေးယန်လုယူတော့လည်း အန်တီယူရင်းက သူတို့မိသားစုပဲ ပိုင်သည်ဆိုပြီး သူ့သမီးကို ပေးခဲ့သည်။

အဲ့ဒီအဖြစ်အပျက်တွေက သူမရဲ့ မှတ်ဥာဏ်ထဲမှာ စွဲထင်နေပြီး....သူမကျိန်ပြောလိုက်သည်က...

တစ်နေ့ကျရင် အဲ့ဒီရင်ထိုးကို ရအောင် ပြန်ယူမည်ဟု။

သူမ အတွေးထဲမှာ မြောနေတုန်း ဒုတိယထပ်၏ ပြတင်းပေါက်ကနေ တစ်စုံတစ်ယောက် ခုန်ဆင်းသည့် မြင်ကွင်းကို မမြင်လိုက်။

သူမဘေးမှာ ချထားသည့် လည်ဆွဲပေါ်ကို သူမထက် အသက်ကြီးတဲ့ ယောင်္ကျားလေးတစ်ယောက် လဲကျသွားသည်ကို မြင်တော့မှ သူမရဲ့ မျက်လုံးက ပြူးကျယ်သွားရသည်။

" နိုး......းး၊ သွားပါပြီ ငါ့ရဲ့ ပန်းလေး...!''
သူမ အော်ငိုလေ၏။

ရှန်းရီက လက်တစ်ဖက်နဲ့ သူမရဲ့ လက်မောင်းကိုကိုင်ကာ နောက်လက်တစ်ဖက်နှင့် သူမရဲ့ ပါးစပ်ကို လှမ်းပိတ်၏။ ပြီးနောက် လက်ညှိုးနှင့် သူ့ နှုတ်ခမ်းကို ကပ်ကာ တိတ်တိတ်နေ ဆိုသည့် ပုံစံမျိုး လုပ်ပြ၏။

" အာ...မငိုနဲ့လေ...၊ အစ်ကိုက တစ်ခုခုပြန်ပေးပါ့မယ်...''

ချင်းချင်းလေးက သူ့ရဲ့ လက်ကို ပုတ်ထုတ်ကာ ဒေါတတကြီး ကြည့်၏။

သူမက ကြေသွားတဲ့ ပန်းတွေကို နှမြောတသနဲ့ ကြည့်နေတော့ .....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now