စာစဥ်၄(အပိုင်း ၂၄၊၂၅)

606 77 0
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း ၂၄

ရှန်းရီက သူ့မိန်းမရဲ့ လုပ်ပုံကိုင်ပုံ ၊ ပြောပုံဆိုပုံနဲ့ ပတ်သက်ပြီး ကျေနပ်လို့နေသည်။ သူမကိုယ်သူမလည်း ယုံကြည်မှုရှိသည့်အတွက် စိန်ခေါ်မှုကြီးကို ရဲရဲကြီး ကျော်ဖြတ်လိုက်နိုင်သည်။
သူမအနေနဲ့ အဓိကပြဿ     နာကြီးကို ကျော်ဖြတ်နိုင်ပြီး ဖြစ်တဲ့အတွက် သူ့အနေနဲ့ လုပ်သင့်တာကို လုပ်ရတော့မည်။

" ဘယ်သွားမလို့လဲ....?''
ရှန်းရီက ထိုင်ခုံကနေထပြီး နီးရာထွက်ပေါက်ဆီကို သွားဖို့ ပြင်နေသည့်အတွက် ရှောင်လန်မေးလာ၏။

" မကောင်းကြံတဲ့သူကို အဆုံးသတ်သွားအောင် သွားလုပ်မလို့....''
ရှန်းရီက ခပ်တည်တည်နဲ့ ပြောကာ ကလေးနှစ်ယောက်ကို ရှောင်လန်နှင့်ထားပြီး ထွက်သွားလေ၏။
ပြိုင်ပွဲအတွင်းမှ ဆူညံသည့်အသံများကို မကြားနိုင်လောက်သည့်နေရာအရောက်တွင် ရှန်းရီ၊ အနွေးထည်အိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ရင်းနှီးသည့် ဖုန်းနံပါတ်တစ်ခုကို ခေါ်လိုက်၏။

" ပြိုင်ပွဲအတွက် ပါဝင်ပစ္စည်းတွေကို လဲလှယ်လိုက်တာက ဘယ်သူ့လက်ချက်လဲဆိုတာကို သိချင်တယ်.....''
သူက ချောင်ဟဲကို အမိန့်ပေး၏။

" အခုချက်ချင်း လိုက်ရှာပါ့မယ် ဘော့စ်....''

ယွမ်ကျင့်က ရှန်းရီဘာလုပ်မလဲဆိုတာကို သိနေသည့်အတွက် ရှန်းရီ ထွက်သွားချိန်တွင် ဘာမှမပြော။ ထို့နောက် သူ့နှုတ်ခမ်းထောင့်က ကွေးညွတ်သွားကာ ပြုံးရိပ်တစ်ခုဖြတ်သန်းသွားသည်။ အာ....၊ သတင်းဆိုးနဲ့ ကျော်ကြားတဲ့ ရှန်းဥက္ကဋ္ဌကတော့ လုချင်းယီကို ကောင်းကောင်းစောင့်ရှောက်နိုင်သားပဲ။

" သူ့ကို ပေးသွားလိုက်။ လုချင်းယီက သူ့အကူအညီကိုလိုနေတယ်....''
ရင်းနှီးနေသော အသံတစ်သံက ရှောင်လန်နောက်ကနေ ထွက်ပေါ်လာ၏။ ရှောင်လန်၊ ယွမ်ကျင့်နဲ့ လုရှုလန်တို့က နောက်လှည့်ကြည့်တော့ လက်ပိုက်ကာ ပြုံးပြနေသည့် ရှားယုဟန်ကို မြင်တွေ့လိုက်ကြရသည်။

" နင်မလာတော့ဘူးလို့တောင် ငါထင်နေတာ....''
ယွမ်ကျင့်က မရိုးသားတဲ့ အပြုံးနဲ့ ရှားယုဟန်ကို လှမ်းစ၏။ ဒီမိန်းကလေး ဘာကြောင့် ဒီနေရာကိုရောက်လာလဲဆိုတာကို သူ သိသည်လေ။
ရှားယုဟန်က ယွမ်ကျင့်ကို မျက်စောင်းထိုးလိုက်ကာ.....

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now