စာစဥ်၅(အပိုင်း ၁၉)

524 61 4
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၁၉


ထိုသို့ လုချင်းယီ ရွေးချယ်လိုက်သည်မှာ ရိုးရှင်းသော အကြောင်းအရာတစ်ခု ရှိပေသည်။
မို မောင်နှမက သူတို့ဦးလေး၏ အပြာရောင်ကောင်းကင်ဆိုင်ကို အမွေဆက်ခံပြီး ထိုနေရာတွင်ပဲ ကြီးပျင်းခဲ့သည်ဟု ယန်လီကျွင်း ပြောဖူးတာကို သတိရမိသည်။

သူတို့ဘဝတွင် ထိုဆိုင်ကလွဲ၍ တစ်ခြားအလုပ်တွင် အတွေ့အကြုံရှိမှာတော့မဟုတ်။
အကယ်၍ သူမနိုင်ခဲ့ပါက Grace Palace ကိုလည်း တိုးတက်အောင် လုပ်နိုင်သလို ချက်ပြုတ်ရာတွင် ကျွမ်းကျင်သည့် မို မောင်နှမကိုလည်း စားဖိုမှူးအဖြစ်ရှာပြီးသား ဖြစ်သွားပေလိမ့်မည်။

အဲ့လိုအခြေအနေမျိုးဖြစ်သွားရင် ဒီမိန်းမက ကောင်းကောင်းချက်ပြုတ်ပါ့မလား.....?

ဒီ ငယ်ရွယ်သည့်အမျိုးသမီးက အချစ်နဲ့  စွဲလမ်းခြင်းကို ကောင်းကောင်းနားမလည်သေးဘူးလေ။

'' ကျွန်မ သဘောတူတယ်....!! ကျွန်မတို့စွမ်းရည်ကို ဆုံးဖြတ်ပေးဖို့ မျက်မြင်သက်သေပဲလိုတယ်...''
မိုလီဟွေ.... ပြောလာ၏။

ချက်ချင်းဆိုသလိုပင် ထိုနေရာသည် လူအများ စုဝေးရောက်လာကြကာ ပြည့်ကျပ်လာလေပြီ။
ဒေသခံများသာမက ခရီးသွားများလည်း ထိုစိတ်ဝင်စားဖွယ်ရာ ပြိုင်ပွဲကို ကြည့်ချင်ဇောဖြင့် ဝင်ရောက်လာကြသည်။

လုချင်းယီနဲ့ မိုလီဟွေဝင်ပြိုင်တဲ့ ဒီ ဆောင်းဦးရာသီပွဲတော်ကတော့ မြို့၏ လူပြောအများဆုံးပြိုင်ပွဲဖြစ်လာ၏။

လွန်ခဲ့သောတစ်ပတ်ခန့်က....

Grace Palaceဆီ လုချင်းယီ ရောက်နေကတည်းက ဆိုင်၏ လိုအပ်ချက်တွေကိုသာ လိုက်ကြည့်နေခဲ့ပြီး မီးဖိုချောင်ထဲတောင် မဝင်ခဲ့သဖြင့် ရှန်းသခင်မလေးက ဓားတောင်ကိုင်တတ်ရဲ့လားဟု ယန်လီကျွင်း ထင်ခဲ့မိသည်။

သို့ပေမယ့် အစောပိုင်းကတည်းက လုချင်းယီလက်ရာကို မမြင်ထားခဲ့ပါက ယန်လီကျွင်းလည်း လုချင်းယီအပေါ် သံသယဝင်ပေလိမ့်မည်။

လုချင်းယီက လက်ထပ်လက်စွပ်နှင့် ရွှေလက်စွပ်တစ်ကွင်းချွတ်လိုက်သည်ကို ယန်မောင်နှမနှစ်ယောက် မြင်တွေ့ခဲ့ပြီးနောက် ပြောစရာစကားတို့ ပျောက်ဆုံးကုန်သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now