စာစဉ်၃ (အပိုင်း ၂၂)

1K 100 1
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၂၂။

" ကျွန်မတောင်းပန်ပါတယ်...၊ တစ်ခြား ပြိုင်ဘက်တွေကိုတော့ နားလည်လို့ရပေမယ့်...လုချင်းယီက ဒီလောက်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ လာမယ့် လက်တွေ့စာမေးပွဲမှာ (ကာင်းဆုံးကြိုးစားပါ့မယ်....''
မန်ကျောက်က ရှက်ရွံ့ မှုကြောင့် ခေါင်းကို ငုံ့ထား၏။

" နင် လုပ်နိုင်ခဲ့ပါတယ်...''
ဆန်းဖေးယန်က မန်ကျောက်ကို ခေါင်းမော့စေလိုက်ပြီး........ထို့နောက် သူမ ပြုံးလိုက်၏။

" ဒါပေမယ့် နင့်အတွက် သုံးထားတဲ့ငွေတွေက ဘယ်လောက်များလဲဆိုတာကို သိပါတယ်နော်...''

" ဟုတ်ကဲ့...၊ ကျွန်မ နားလည်ပါတယ်...''
မန်ကျောက်...၊ ခေါင်းငြိမ့်လိုက်၏။ ဒါပေမယ့် သူမက လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။

" ဘာလို့ အရမ်းစိတ်ပူနေတာလဲ....မိန်းကလေး မန်...''
ဆန်းဖေးယန်က ထိုင်ခုံကနေ ထလာကာ မန်ကျောက်ရဲ့လက်ကို ငြင်သာစွာကိုင်လိုက်၏။

" နင် အကောင်းဆုံး ကြိုးစားခဲ့တာပဲ။ ဒါက ပွဲအစပဲ ရှိသေးတယ်...ငါတို့ အရမ်းကြီး လှုပ်ရှားစရာ မလိုသေးပါဘူး....''
သူမ၏ စကားထဲတွင် အဓိပ္ပါယ်အများကြီး ပါဝင်နေလေ၏။

မန်ကျောက်၏ မျက်လုံးတွေက သူမဘာကိုဆိုလိုသလဲဆိုတာကို သတိပြုမိ၍ စိတ်ထဲထင့်သွားသည်။ ဆန်းဖေးယန်နှင့် လက်တွဲလိုက်တာ မှားများမှားသွားသလားဆိုပြီး စိတ်နှစ်ခွ ဖြစ်နေလေပြီ။

ဒါပေမယ့် သူမမှာ ရွေးစရာလမ်း မရှိတော့ပေ။
အရာရာတိုင်းက နောက်ပြန်လှည့်လို့ မရတော့ပြီ။ဆန်း​ဖေးယန်က သူမကို ကောင်းကောင်းကြီး အသုံးချမှာကိုလည်း ကြိုသိထားပါ၏။ သူမကို လာရှာတယ်ဆိုကတည်းက အဖြေက ရှင်းနေပြီလေ...။

ဆန်းဖေးယန်က လုချင်းယီကို စောင့်ကြည့်ရလောက်တဲ့အထိဖြစ်ရအောင် ဘာတွေများကြံနေလဲဆိုပြီး အတွေး ဝင်လာပြန်သည်။

ဆန်းဖေးယန်ရဲ့ ရယ်သံက အတွေးလွန်နေတဲ့ သူမကို သတိပေးလိုက်သလို။ပြီးနောက် ဆန်းဖေးယန် ပြောလာမယ့် စကားကိုပဲ စောင့်နေလိုက်သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now