စာစဥ်၅(အပိုင်း၃၅)

477 45 1
                                    

❤စီအီးအိုရဲ့ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၃၅

'' အခုပြင်ပေးတဲ့ ဟင်းသုံးပွဲလုံးကို အမှားတစ်ခုမှမရှိဘဲ ပြင်ဆင်လိုက်နိုင်ပါတယ်။ ဂုဏ်ယူပါတယ်....မဒမ်ရှန်း....''
ဟဲဟောင်ကျန်းတစ်ယောက် သူ့အချစ်ဆုံးသူငယ်ချင်း၏ သမီးအားကြည့်ပြီးနောက် အရင်က ပုံရိပ်တို့အားပြန်လည်သတိရလာကာ သူမအဖေအား အကူအညီမဲ့နေစဥ်အတွင်း ဖေးမကူညီခွင့်မရလိုက်သည့်အတွက်လည်း ဝမ်းနည်းစိတ်များ ဖြစ်ပေါ်နေတော့သည်။

ရှန်းရီ၊ သူ့မိန်းမ၏ မျက်နှာအခြေအနေကို ကြည့်လိုက်၏။

သူမရဲ့ မျက်လုံးတွေက Silver Leafဝင်ခွင့်ပြိုင်ပွဲကလောက် မတောက်ပနေသလိုပင်။

...........

တစ်နာရီကြာပြီးနောက်.....

ဟဲဟောင်ကျန်းတစ်ယောက် လုချင်းယီကို လိုက်ရှာကြည့်တော့ ....ဥယျာဥ်ထဲမှာ နှစ်ယောက်သား ထိုင်နေကြပြီး လုချင်းယီက ရှန်းရီပုခုံးကိုမှီလျက် စကားပြောနေ၏။

ဟဲဟောင်ကျန်းလာနေသည်ကို တွေ့ပြီးနောက်....
ရှန်းရီက...

'' နှစ်ယောက်သား စကားပြောနေကြပါ။ ပြန်တော့မယ်ဆိုရင် ကိုယ့်ကို ခေါ်လိုက်နော်....''

ရှန်းရီ...၊ သူမနှဖူးအားနမ်းလိုက်ပြီး ဥယျာဥ်ထဲကနေ ထွက်သွားတော့သည်။

ရှန်းရီထွက်သွားတဲ့အချိန်အထိ နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုတို့ ကြီးစိုးလျက်ရှိပြီး....
လေအေးတွေတိုက်နေသောကြောင့် လုချင်းယီ၊ ရှန်းရီ၏ ကုတ်အား တင်းတင်းကျပ်ကျပ်ကိုင်ထား၏။

'' မင်းကို ပထမဆုံး တွေ့တာက မွေးခါစကလေးလေးပဲရှိသေးတာ.....နောက်တစ်ကြိမ်ထပ်တွေ့တော့ လက်ထပ်ပြီးသားမိန်းကလေးတောင် ဖြစ်နေပြီ.....''
ဟဲဟောင်ကျန်းက စီးကရက်ဖွာရင်း ကောင်းကင်ကို မော့ကြည့်ကာ ပြောလာလေ၏။

'' ကျွန်မအဖေလည်း ရှင့်အကြောင်းကို နှစ်ခါလောက် ​ပြောဖူးပါတယ်။ အခုတော့ လူချင်းတွေ့ခွင့်ရပြီ....''

လုချင်းယီ တစ်ကိုယ်လုံး ကိုက်ခဲလျက်ဖြစ်နေပြီး
Silver Leafဝင်ခွင့် ပြီးကတည်းက သူမအချိန်နည်းနည်းလောက်ပဲ နားရသေးသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now