စာစဥ်၅။ အပိုင်း ၂၇

497 59 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၂၇


ဟဲ​ေဟာင်ကျန်း၏ သံသယတွေသည် ရယ်စရာအဖြစ်ပြောင်းသွားခဲ့သည်။Silver Leafကျောင်းသူတဲ့လား....?

ထိုလူကြီးက သက်သောင့်သက်သာထိုင်ကာ
ဝိုင်ခွက်ကို ဘေးချပြီး လုချင်းယီအား စိုက်ကြည့်နေပေမယ့် သက်သောင့်သက်သာမဖြစ်နေသည်က မိုလီဟွေပင်။
ဒီလူကြီးက ထိပ်တန်းစားဖိုမှူးဆိုတာရော ဟုတ်ရဲ့လား...? အခုတော့ သူမနောင်တရနေပါပြီ။

'' ဟုတ်ပါတယ်...''
လုချင်းယီ ပြန်ဖြေ၏။
ထိုအချိန်တွင် အရက်နံ ့နှင့် ရောနှောစွာဖြင့်
လက်ဖက်ရည်နံ ့က သူမနှာခေါင်းသို့ တိုးဝင်လာသည်။

'' နာမည် ဘယ်လိုခေါ်လဲ....?''

'' ကျွန်မက လုချင်းယီပါ။ ပွဲတော်မစခင်ကတည်းက ရှင့်ကို ကျွန်မတို့ ရှာနေတာပါ။ ကျွန်မယောကျ်ားပြောတာက ရှင် ဒီနားမှာပဲ ရှိလိမ့်မယ်တဲ့....။ Grace Palace အကြောင်းကိုလည်း
ရှင် ကြားလိမ့်မယ်ထင်တယ်...''

'' အဲ့တာကို ကြားပါတယ်။ မီးဖိုချောင်မှာ အရည်အချင်းရှိတဲ့ စားဖိုမှူး မရှိသရွေ့ စားသောက်ဆိုင်ဆိုတာ လည်ပတ်ဖို့ မလွယ်ကူဘူး။ ဒီကို ဘာယူလာလဲ မဒမ်ရှန်း...''

ဟဲဟောင်ကျန်း ခုံနောက်မှီကာ စားပွဲကိုပဲကြည့်နေပြီး မေးကို ပွတ်သပ်နေသည်။ ရိုးရာဟင်းချက်ပွဲမှာ လုချင်းယီ အနိုင်ရခဲ့တာကိုလည်း ကြားမိပြီး သူမက ဘယ်လိုမိန်းကလေးမျိုးလဲဆိုပြီး အံ ့သြနေ၏။

'' မစ္စချူက Grace Palaceကို စိတ်ဝင်စားဦးမယ်လို့ ကျွန်မ မျှော်လင့်မိတယ်။ ကျွန်မက ကျောင်းသားအဆင့်လောက်ပဲ ရှိပါသေးတယ်။ စားသောက်ဆိုင်တစ်ခုကို တာဝန်ယူဖို့ကတော့ ကျွန်မ အများကြီး သင်ယူရဦးမယ်''

'' ငါက ချက်ပြုတ်တဲ့လောက ကို စွန့်လွှတ်ခဲ့တယ်ဆိုတာ သိသိကြီးနဲ့လိုက်ရှာခဲ့တာလား....?''

လုချင်းယီ ပြုံးလိုက်သည်။

'' စားဖိုမှူးတစ်ယောက်က သူ့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးကို မချက်ပြုတ်ဘဲ နေနိုင်မှာတဲ့လား....? ကျွန်မတော့ အဲ့လိုမထင်ဘူး...''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now