စာစဥ်၄(အပိုင်း ၂၀၊၂၁)

607 79 3
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း၂၀

လူတိုင်းက လုချင်းယီ၏ လှုပ်ရှားမှုကြောင့် စိတ်ပျက်နေကုန်ကြသည်။ ပရိသတ်တွေ၏ တီးတိုးဝေဖန်သံများက ရှန်းအမွှာနှစ်ယောက်ကို အနှောင့်အယှက်ပေးနေ၏။

" ဒယ်ဒီ....''
ယွီရန်လေးက ရှန်းရီ၏ အက်ျီစကို ဆွဲကာ ခေါ်လေသည်။ သူမလေး၏ တုန်ရီနေသော အသံကြောင့် ရှန်းရီလည်း စိတ်မကောင်းဖြစ်လာရသည်။

ထို့နောက် ရှန်းရီ၏ လက်သည် ယွီရန်လေး၏ ခေါင်းပေါ်ရောက်သွားကာ သူမလေး၏ ဆံနွယ်များကို ညင်သာစွာ ပွတ်သပ်ပေးနေမိသည်။
ဒီကလေးလေးကို သူချော့မြူမှရတော့မည်။ နောက်ထပ်တစ်ဖန် သူ၏ လက်သည် ယွီရန်လေး၏ ပုခုံးပေါ်ရောက်သွားကာ သူက အေးအေးဆေးဆေးနှင့် စကားစလာ၏။

" မာမီချင်းချင်းက အရမ်းသတ္တိရှိတယ်....ဘာဆက်လုပ်ရမလဲဆိုတာလည်း ကောင်းကောင်းသိတယ်။ ဒီကလူတွေပဲ အကြောင်းအရင်းမသိဘဲ လျှောက်ပြောနေတာ....သမီးသိထားရမှာက လူတွေဆိုတာ မှန်ကန်စွာတွေးတောဆင်ခြင်ဖို့ထက် သူများကို မြန်မြန်ဝေဖန်တတ်တာပဲ.....''

" ဟုတ်တယ်...! သူတို့ပြောတာကို မယုံဘူး။ မာမီက လူလိမ်မဟုတ်ဘူး....!''
ယွီရန်လေးက မကျေမနပ်ပြောလာ၏။ သူမနားမလည်နိုင်သည်က အရင်အဆင့်တွင် လူတွေအားလုံး....သူမမာမီကို ချီးကျူ းကြပြီး နောက်ထပ်တစ်ဖန် ပြစ်တင် ကဲ့ရဲ့ကြပြန်သည်။

" သမီးပြောတာမှန်တယ်....''
ရှန်းရီ ထောက်ခံလာ၏။ ချင်းယီလည်း ဒီလိုလုပ်ရုံကလွဲ၍ အခြားနည်းလမ်းမရှိတော့ပေ။ သူမ စည်းကမ်းဖောက်ဖျက်မှသာလျှင် ဒိုင်တွေအားလုံး သူမကို အာရုံစိုက်နိုင်လိမ့်မည်။ ပရိသတ်တွေအားလုံး သူမကို ဝေဖန်ကောင်းဝေဖန်နိုင်သည်။ ဒါပေမယ့် Silver Leafရဲ့ ပစ္စည်းမပြည့်စုံမှုကပဲ သူမကို အန္တရာယ်တွင်းကနေ ဆွဲထုတ်သွားနိုင်လိမ့်မည်။

" တစ်နာရီပဲ ကျန်ပါတော့တယ်...Good luckပါ ပြိုင်ပွဲဝင်တို့....!''
ဟော်မိန်လိ၏ အသံသည် စောစောတုန်းကလို မချိုသာနိုင်တော့။ ပြိုင်ပွဲထဲက လူတွေအားလုံးလည်း ရုတ်ရုတ်သဲသဲဖြစ်နေလေပြီ။ သူတို့အားလုံး စိတ်ဝင်စားသည်က ဒိုင်တွေက ဘာကြောင့် လုချင်းယီကို အပြစ်မတင်သေးလဲဟု။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now