စာစဉ်၃(အပိုင်း ၁၂)

1.3K 116 1
                                    

❤စီအီးအိုရဲ့  ဟန်ဆောင်ဇနီးလေး ❤

အပိုင်း ၁၂။

ရှားယုဟန်နဲ့ လုချင်းယီတို့နှစ်ယောက်လုံး လမ်းလျှောက်ရင်း  Silver Leafကျောင်းဝင်းအပြင်ကို ထွက်လာကြ၏။ လမ်းတစ်လျှောက်မှာ သစ်ပင်များ စီရရီစိုက်ထားတဲ့အတွက် နေရောင်ခြည်တိုးမပေါက်အောင် ဖြစ်နေ၏။ ကြွေကျလာတဲ့ သစ်ရွက်​တွေကလည်း လေထဲမှာ တဝဲဝဲဖြစ်လျက်။ လေနုအေးအေးများလည်း တိုက်ခတ်လျက်....

ကျောင်းပရိဝုဏ်အတွင်းမှာ လာဖြေကြတဲ့ ကျောင်းသားတွေ စုရုံးလျက်ရှိကြပြီး  ယခုထိတိုင်  ဘယ်မိသားစုက ဘယ်လိုဖြစ်သွားတယ်ဆိုပြီး ပြောဆို၍ မပြီးကြပေ။

ကြည့်ရတာ ခုနစ်နှစ်လောက် ထိပ်ဆုံးမှာနေခဲ့တဲ့ လျိုမိသားစုက အခုလို ရှန်းမိသားစုနဲ့ လီမိသားစုရဲ့အောက်ကို ရောက်သွားတော့ အပြောင်းအလဲလေး ဖြစ်သွားလို့နဲ့ တူသည်။

" ဒီနှစ်တော့ ...Silver Leafမှာ ငွေတွေနဲ့ လွှမ်းတော့မှာပဲ...''
ရှားယုဟန် ပြောလာ၏။

" အမြဲတမ်း ဒီလိုပဲ မဟုတ်ဘူးလား...''
ချင်းယီက နားမလည်၍ မေးလာပြန်သည်။

" ငါလည်း မသိဘူးလေ...၊ ဒါနဲ့ ငါ့ရဲ့ ကမ်းလှမ်းချက်အကြောင်း ယွမ်ကျင့်...နင့်ကို ပြောသေးလား ...''

" ဘာ ကမ်းလှမ်းချက်လဲ.. ''
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ယွမ်ကျင့်က သူမကို ဘာမှမပြောဖူးပေ။

ရုတ်တရက်... ချင်းယီရဲ့ ဖုန်း မြည်လာခဲ့သည်။
ယွမ်ကျင့်ဆီကပင်။

" ဟေး...ယွမ်ကျင့်၊ ငါ အခု မိန်းကလေးရှားနဲ့ ရှိနေတယ်...သူက ငါ့ကို ကမ်းလှမ်းချက်အကြောင်းတွေ ပြောနေတယ်...။ နင် ငါ့ကို ဘာတွေ လျိုထားသေးလဲ...''

ယွမ်ကျင့်ကတော့ လုချင်းယီ အားရပါးရ ပြောပြီးတာကိုပဲ စောင့်နေလိုက်သည်။

" အခု... ငါတို့တွေ့ကြမလား...''

ဟင်။ ငါ...ရှန်းရီကို ညစာချက်ကျွေးမယ်လို့ ပြောထားတယ်မလား....သူမ နှုတ်ခမ်းကိုက်လိုက်ပြီး တစ်ချက် စဉ်းစားလိုက်သည်။

ယွမ်ကျင့်ကတော့ ရယ်လျက်....

" ငါ နင့်ယောင်္ကျားကို ဖုန်းဆက်ပြီးပြီ...၊ သူက ခွင့်ပြုတယ်တဲ့...''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now