စာစဥ်၅(အပိုင်း ၂၅)

482 58 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၂၅



အရင်က မိုလီဝေ ၊ ေပါက်စီလုပ်ခြင်းကို ဝါသနာမပါသော်လည်း ငယ်ငယ်ကတည်းက သူ့ဦးလေးဆီမှာပဲ ကြီးပြင်းလာသည့်အတွက် ဆိုင်ကိစ္စသည်က သူ့အတွက် တာဝန်တစ်ခုသာ။

သူ့ညီမက ချက်ပြုတ်ရာတွင် စိတ်ဝင်စားသည့်အတွက် သူတို့၏ ဆိုင်သည်လည်း မီနူးအသစ်များထပ်ထည့်ဖြစ်ကာ မိုလီဝေတစ်ယောက် သူ့ညီမနှင့် မီးဖိုချောင်မှာပဲ အချိန်ကုန်ဆုံးတော့သည်။

အခုတော့ သူ့ဦးလေး၏ အကြွေးနဲ့ ဆိုင်သာကျန်တော့သည်လေ။ ဒီပြဿနာကို အခုကတည်းက မဖြေရှင်းပါက သူလည်း အကြွေးနဲ့အကျပ်ရိုက်နေမှာဖြစ်ပြီး သူ့ညီမကို Silver Laefမှာ ကျောင်းပေးတက်ချင်သည့် ဆန္ဒလည်း ပြည့်ဝလိမ့်မှာမဟုတ်။

''ကျွန်တော်တို့ ဦးလေးက အကြွေးအများကြီးနဲ့ ချန်ထားခဲ့တာ။ ဒီလိုပုံစံနဲ့ ရှေ့ဆက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး...''

လုချင်းယီ၊ သူမမေးဖျားအား ပွတ်သပ်ကာ မိုမောင်နှမအား ကြည့်နေ၏။

'' တကယ်တော့ ရှင်တို့ရဲ့ ဆိုင်ကို ကျွန်မ တကယ် စိတ်မဝင်စားတာ။ ဒါပေမယ့် ရှင်တို့က လောင်းကြေးအဖြစ်လာပေးတယ်....နောက်ပြီး...''
လုချင်းယီ... သူမယောကျ်ားအား ကြည့်လိုက်သည်။

မိုလီဟွေက ကျောခိုင်းလျက်သာ။ ဒါဆို လုချင်းယီက သူမအရှုံးပေးတာကိုပဲ စောင့်နေတာလား...?

''ဒါဆို ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ....?
ရှန်းရီက မှတ်တမ်းအား စားပွဲပေါ်ချကာ မေးပြန်သည်။

'' မိန်းကလေးလုက အပြာရောင်ကောင်းကင်ကို စိတ်မဝင်စားဘူးဆိုရင်တော့ ကျွန်တော်တို့ ဆိုင်ပိတ်ပြီး မကြာခင်မှာ တစ်ခြားလူကို ရောင်းရလိမ့်မယ်...''
သူတို့ကြားမှာ တိတ်ဆိတ်မှုတို့ ကြီးစိုးနေပြီး လုချင်းယီ၏ အဖြေကိုသာ စောင့်နေကြလျက်။

ရှန်းရီ ။ '' ချင်းချင်းရော ဘယ်လိုထင်လဲ....?''

'' ကျွန်မအထင်ကတော့ ဆိုင်ဖွင့်တာနဲ့ အစစအရာရာ ပြန်ပြင်ဆင်ရလိမ့်မယ်။ ပစ္စည်းပို့တဲ့နေရာမှာလည်း ပြဿနာတွေအများကြီး ရှိနေတယ်ထင်တယ်။ အားလုံးမပြင်ချင်ရင်တောင် စျေးဝယ်တဲ့နေရာနဲ့ မီနူးပြင်ဆင်တဲ့နေရာက အရမ်းအရေးကြီးတယ်....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now