စာစဉ်၃ (အပိုင်း၁၇)

1.2K 114 2
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၇။

ကြီးမားကျယ်ပြန့်သော သစ်တောကြီးသည် စိမ်းလန်းစိုပြည်လျက်။

ဗိုလ်ချုပ် ရှန်းတစ်ယောက် အသက်ကို ဝဝရှူ လိုက်၏။ မြို့၏ ညစ်ညမ်းတဲ့ လေတွေအစား သန့်ရှင်းလတ်ဆတ်သည့် လေတွေကို ရှူ ရှိုက်ရတာကြောင့် အရမ်းသဘောကျလို့နေ၏။

သက်သောင့်သက်သာ ရှိလှပါလား။

သူက တစ်​ယောက်တည်း ရှိနေတာ ဖြစ်ပြီး ၊ ခဏနေလျှင်  သူ့၏ တပည့်တွေကို ကြီးကြပ်ဖို့ သွားရတော့မည်။

သို့သော်၊ သူ၏ အေးချမ်းမှုသည် တစ်ခဏသာ ဖြစ်သွားရချေ၏။ ဘာကြောင့်လဲဆိုတော့ .....သူ့ကို  စောင့်ကြည့်နေတယ်ဆိုပြီး ခံစားလိုက်ရလို့ပင်။

ဒါက သားရဲတိရစ္ဆာန်တော့ မဖြစ်နိုင်။ သူလည်း အန္တရာယ်ရောက်လာတော့မယ်ဆိုပြီး မခံစားရ။

သူခံစားလိုက်ရသည်က.....

သူ့ကို တစ်စုံတစ်ယောက်က အပြောင်အပျက်ဖြင့် စိုက်ကြည့်နေပြီး ညှို့ငင်နေချင်သည်ဟု.....

သူ့၏ မျက်ခုံးတစ်စုံသည် တွန့်ချိုးသွားရချေပြီ။

ဤနေရာသည် တော အရမ်းနက်သည့်နေရာ ဖြစ်ချေ၏။

အနောက်ဘက် ပြည်နယ်စုသည် တောပုန်းဓားပြတွေ ကျက်စားရာ နေရာလည်း ဖြစ်သည်။
ကုန်သည်တွေနှင့် သာမန်လူတန်းစားတွေ မလာရဲခဲ့တဲ့ နေရာကြီးတစ်ခု။

အခုလောလောဆယ် သူရှိနေသည့်နေရာသည် ရွာတွေနှင့် မိုင်တွေအများကြီး ကွာခြားနေလေပြီ။ သူ၏ လက်အောက်ငယ်သားတွေသည်လည်းပဲ တောင်၏ အခြားတစ်ဖက်တွင် ရှိနေလောက်မည်။

ဗိုလ်ချုပ်ကြီးသည် နှဖူးကို လက်ပြင်နှင့် သုတ်လိုက်၏။ သူရောက်နေသည့်နေရာသည်ကား....တောင်ထိပ်ဖြစ်လိမ့်မည်ဟု တွေးတောလိုက်ချေ၏။

သူ၏ မြင်းကို ဆွဲကာ ရပ်နားလိုက်စေပြီးြ်မင်းပေါ်က ဆင်းကာ.....ခဏနားဖို့ ပြင်လိုက်၏။ ရေဗူးကို ဖွင့်ကာ ရေသောက်မယ်လုပ်တော့ ရေကမရှိတော့။

သူ မျက်မှောင်ကြုတ်လိုက်၏။

နေလည်းမြင့်နေလေပြီ။ အပူရှိန်ပြင်းလိုက်ပုံက သူ၏ အင်္ကျီထဲထိအောင် အပူတွေ  ထိုးဖောက်ဝင်ရောက်လာသလို။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now