စာစဉ်၃ (အပိုင်း ၁၈)

1.1K 106 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၈။

ဗိုလ်ချုပ်ရှန်းတစ်ယောက် အားသုံးကာ ထိုင်ဖို့ ကြိုးစားလိုက်ပြီး ဂူ၏ အေးစက်စိုစွတ်နေသော ကျောက်နံရံကြီးကို မှီလိုက်၏။

ဒီဂူက သူမနေတဲ့ဂူ ဖြစ်လိမ့်မည်။ ဒီလိုနေရာမျိုးမှာ လူသူကင်းမဲ့နေမယ်ဆိုတာက မထူးဆန်းတော့။

သူမက သူ့ကို အကျဉ်းသားလိုမျိုး ထားဖို့ စဉ်းစားနေတာလား။

သူရဲ့ အကြည့်က၊ ကြမ်းတမ်းပြီး ပတ်တီးစည်းထားသည့် သူရဲ့ လက်ဆီကို ရောက်သွား၏။
ထို့နောက် သက်​သောင့်သက်သာဖြစ်​အောင် သူ၏ ရှုပ်ထွေးနေသော ဆံပင်ရှည်ကြီးကို လက်နှင့် သပ်လိုက်၏။ ထိုလှုပ်ရှားမှုကြောင့် သူ့ရဲ့တစ်ကိုယ်လုံးမှ နာကျင်မှုများကို တစ်ခါတည်း ခံစားလာရ၍ ည ည်းတွားရချေပြီ။

သို့ပေမယ့်......သူ ရုတ်တရက် သတိပြုမိလိုက်သည်က .......

သူသည် လုံးတီးဖြစ်နေသည်ဟု။ဒါပေမယ့်  သူ၏ အောက်ပိုင်း တစ်နေရာလေးကိုတော့  အမွေးထူထူနှင့် အုပ်ထားပေးသည်။

" ငါ့ အဝတ်တွေ ဘယ်ရောက်သွားလဲ...?!''
သူ၏ အသံက အေးစက်လို့နေပြီး မေးလိုက်သည်က ဘာမှမကြောက်ရွံ့ ဘဲ အမိန့်ပေးနေပုံမျိုးပင်။

အမြီးကိုးချောင်းနှင့် ထိုမြေခွေးမိန်းကလေးသည် သူ့ ဆီကို တဖြည်းဖြည်း ရှေ့ကိုင်းလာကာ သူ၏ သန်မာတောင့်တင်းသည့် ကြွက်သားတွေကို ပွတ်သပ်ကျီစယ်ရင်း......

" အခြောက်ခံထားတယ်၊ အဲ့လိုမှမလုပ်ရင် ရှင် ဖျားပြီး သေ သွားမှာပေါ့လို့...''
ထိုမိန်းကလေးသည် ဆွဲဆောင်သည့်အသံနှင့် ပြောလာချေ၏။

သူမ၏ ရှည်လျားနက်မှောင်သည့် ဆံနွယ်နှင့် အညိုရောင် တောက်ပသည့်မျက်လုံးကြောင့် သူ တကယ် အံ့ သြရပါ၏။ သူမက ထင်ထားတာထက် ပိုပြီး ချောမောလှပနေလို့ပင်။

သူမက ကျိုဝီဟူ မျိုးနွယ်ကဆိုကတည်းက  နည်းနည်းလေးမှ မသင်္ကာဖြစ်ဖွယ်မရှိ။

အမြီးကိုးချောင်းနှင့် မြေခွေးတို့၏ သဘာဝအရ လူသားစားမည်။ နောက်ပြီး ကောက်ကျစ်စဉ်းလဲကာ အကယ်၍ လူသားတစ်ဦးကို ပိုင်ဆိုင်ချင်လျှင် ထိုလူ၏ အတိတ်ကအကြောင်းရော ဥာဏ်ရည်ကိုပါ ဖျက်ဆီးတတ်ကြသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now