စာစဥ်၅(အပိုင်း ၆)

531 71 3
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၅။ အပိုင်း ၆

ရှန်းရီနှင့် လုချင်းယီတို့နှစ်ယောက်လုံး ညစာစားပွဲကို ညဥ့်နက်သည်အထိ ဧည့်ခံကြ၏။

သူတို့၏ သူငယ်ချင်းများ တစ်ယောက်ပြီးတစ်ယောက် ပြန်ဖို့အတွက် နှုတ်ဆက်နေကြချိန်တွင် မဒမ်ရှန်းနှင့် ရှန်းဟောင်က လုချင်းယီကို လက်ဆောင်ပေးဖို့အတွက် စိတ်ရှည်ရှည်နှင့် စောင့်နေ၏။

ဟန်ဝေ့နှင့် ကျိုးရှီကို အိမ်အပြင်အထိ လိုက်ပို့ပေးပြီး ပြန်လာချိန်တွင် ရှန်းဟောင် ခေါ်သံကို ကြားလိုက်ရသည်။

" ဘာဖြစ်လို့ပါလိမ့်....?''
လုချင်းယီ....၊ သူမယောကျ်ားကို မေးလိုက်ပေမယ့် သူလည်း မသိ၍ ပုခုံးတွန့်ပြလေ၏။

ဧည့်ခန်းထဲကို ဝင်လာပြီးနောက် ဆိုဖာပေါ်မှာထိုင်ပြီး လက်ဖက်ရည်သောက်နေသည့် မဒမ်ရှန်းကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံး ဆိုဖာပေါ်တွင် ထိုင်ပြီးနောက်.....

" ချင်းအာ.....''

" မနေ့တုန်းက အဖြစ်အပျက်တွေအကြောင်းကို အဖွားကြားတယ်။ သမီးက အရမ်းတော်တာပဲ၊
ကံကောင်းလို့ အဲ့ဒီအမျိုးသမီးရဲ့ ထောင်ချောက်ထဲကို မဝင်သွားမိတာ။ စာမေးပွဲတစ်လျှောက်လုံးလည်း ဒီမိသားစုရဲ့ ကိုယ်စားပြုအနေနဲ့ ဂုဏ်ဆောင်ပေးလို့ အဖွားတို့ အရမ်းပျော်တယ်..ဂုဏ်လည်း... . ဂုဏ်ယူမိတယ်။ အခု... အဖွားတို့က ဆုချီးမြှင့်ရမယ့်အချိျ်န်ရောက်ပြီ။ ရော့....ဒါကို ကြည့်လိုက်ပါဦး.. သမီးနဲ့ ရီအတွက် ပေးတာ....''

လုချင်းယီကို ကြည့်နေစဉ်တွင်....မဒမ်ရှန်းက

ရီသည် မှန်ကန်သည့် မိန်းကလေးကို ရွေးချယ်သွားခဲ့တယ်ဆိုပြီး အရမ်းကျေနပ်လို့နေသည်။

ဒီမိန်းကလေးသည် ပစ္စည်းဥစ္စာတွေအကြောင်းကို ဘာတစ်ခွန်းမှ မေးမြန်းခြင်းမရှိခဲ့သလို လိုတာထက်ပို၍လည်း ဟန်မလုပ်ခဲ့။

အရင်က....သူမ နောက်ဆုံးထွက်သက်မတိုင်ခင်အထိ သူမ၏ အကြီးဆုံး​မြေးလေး ရွေးချယ်မှားခဲ့မှာကိုလည်း အရမ်းစိတ်ပူမိခဲ့သည်။
အခုတော့ သူမ စိတ်ချသွားနိုင်လေပြီ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now