စာစဥ်၅(အပိုင်း ၈)

509 65 1
                                    


❤စီအီးအိုရဲ့ ဟန်ဆာင်ဇနီးလေး ❤

စာစဥ်၅။အပိုင်း၈

နေ့လည်စာကို လျင်လျင်မြန်မြန်စားပြီးနောက် ရှန်းရီ၊ သူ့ဇနီးလေးနှင့်အတူ Grace Palace စားသောက်ဆိုင်သို့ သွားရန် ရည်ရွယ်တော့သည်။

သူတို့နှစ်ယောက်လုံး ရိုးရှင်းစွာဝတ်စားထားကြပြီး ကြည့်ရသည်မှာ နယ်သို့ လာလေ့လာကြသည့် ခရီးသွားများနှင့်ပင် တူနေပေသည်။

Grace Palace စားသောက်ဆိုင်သည် မြို့လယ်ခေါင် လူအစည်ကားဆုံး နေရာတွင် တည်ရှိပြီး တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့ပေမယ့်  နှစ်ပေါင်းများစွာ ထောက်ပံ ့မှုနှင့် စီမံခန့်ခွဲမှုများမရရှိကတည်းက  ဘေးနားဝန်းကျင်တွင် ဆိုင်သစ်များပေါ်လာတော့သည်။

''မင်း... ကိုယ့်ကို ဂရုမစိုက်ဘဲ နေနေတာ တော်တော်ကြာနေပြီနော်...ဘယ်အချိန်ထိ အဲ့လိုနေမှာလဲ....?''
ရှန်းရီတစ်ယောက်....သူမလေးနောက်ကနေ လိုက်ရင်း ပြောနေသည်မှာ သခင်ဆီကနေ စွန့်ပစ်ခံထားရသည့် ကြောက်ငယ်လေးတစ်ကောင်နှယ်။

သူမလေးက မြို့ထဲရောက်ကတည်းက သူ့ကိုရှိမှန်းတောင်မသိဘဲ အမှတ်တရပစ္စည်းဆိုင်တွေမှ လက်ဆောင်တွေကိုသာ အသည်းအသန်ကြည့်ပြီး ဟိုပြေးဒီပြေးလုပ်နေသည်လေ။ထိုထက် သူမလေးသည် ဆောင်းဦးရာသီပွဲတော်အတွက် ပြင်ဆင်ဖို့ ပစ္စည်းတွေကိုလည်း ကြိုးစားပမ်းစားနဲ့ ရှာနေပေသည်။

'' ရှင် ဣနြေ ရရ နေတဲ့အထိ...!''
လုချင်းယီ...သူ့ကိုသေချာမကြည့်ဘဲ ပိတ်ဟောက်လိုက်၏။

'' ဒါပေမယ့်...ချင်းချင်း၊ ဒီကိုလာတာ ကိုယ်တို့ရဲ့ ဒုတိယ ဟန်းနီးမွန်းလို့ ပြောထားတယ်မလား...?''

လုချင်းယီ....လမ်းလျှောက်နေရင်း ရုတ်တရက်ရပ်လိုက်ပြီး သူ့ဘက် ချက်ချင်းလှည့်ကာ... ရယ်စရာကောင်းနေသည့် သူ့မျက်နှာကို စေ့စေ့ကြည့်တော့သည်။ပြီးနောက် တီးတိုးစွာနဲ့ သူမကိုယ်သူ ရေရွတ်နေပြန်သည်။

'' ရှင်...ကျွန်မကို ကူညီဖို့လိုက်လာတာမလား... ရှန်းရီ၊ အမလေး....သောက်ကျိုးနဲ...! ကျွန်မကို ဗီဒီယိုရိုက်နေတာ ရပ်လိုက်တော့...!''
လုချင်းယီ...သူမမျက်နှာနားကပ်နေသည့် ကင်မရာကိုစိုက်ကြည့်ပြီး ရှူးရှူးရှဲရှဲ ဖြစ်နေတော့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now