စာစဥ်၅ (အပိုင်း ၃၂)

474 48 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၃၂

သူမ ဟင်းချိုက တစ်ခုခုလိုနေပြီဆိုတာကို လုချင်းယီ....သိလိုက်လေပြီ။

အရသာက အရမ်းကြီး သိပ်မကွာပေမယ့် လိုနေသည့် အရာကိုတော့ လုချင်းယီ စဥ်းစားမရနိုင် ဖြစ်နေသည်။

ထို့နောက် ကောင်တာထောင့်တွင်သာ ထိုင်ပြီး သူ့မိန်းမအား ကြည့်နေသည့် ရှန်းရီတစ်ယောက် လုချင်းယီ တစ်ခုခုဖြစ်နေပြီဆိုတာကို သတိပြုမိလာလေပြီ။

လွန်ခဲ့သည့် တစ်နာရီလောက်ကတည်းက လုချင်းယီသည် ပြောင်းဖူးစွပ်ပြုတ်နှင့် ဖရာဂရားကိုသာ တိတ်တဆိတ် ချက်ပြုတ်နေပြီး သူ့အား ဘာမှမခိုင်းပေ။

'' ဘာဖြစ်လို့လဲ....? ကိုယ် ဘာဝိုင်းကူပေးရမလဲ....?''

'' ရပါတယ်....၊ ကျွန်မ တစ်ခုခုကို စဥ်းစားမရ ဖြစ်နေတာ....''

လုချင်းယီ... ၊ သူမလက်အား ကောင်တာပေါ်တင်ထားပြီး မျက်စိမှိတ်ကာဖြင့် စဥ်းစားနေ၏။
သူမအာရုံက ဟဲဟောင်ကျန်း၏ ပြောင်းဖူးစွပ်ပြုတ်အား မြည်းစမ်းသည့်အချိန်...၊ အရသာ တစ်လွှာချင်းကို ပြန်လည် တွေးဆနေပြန်၏။
သူမပဲ အရသာခံတာမှားနေပြီလား....? ဒါမှမဟုတ် ဟဲဟောင်ကျန်း အခိုင်အမာပြောတာတွေက တစ်ခုမှမမှန်တာလား.....?

အချိန်က တစ်နာရီသာ ကျန်တော့ကာ.....

နံရိုးသားက ချက်ပြုတ်ဖို့ အဆင်သင့်ဖြစ်နေပြီး....

ပြောင်းဖူးစွပ်ပြုတ်နှင့် ဖရာဂရားကိုသာ အရသာမှန်အောင် အပေါ်ယံ ပြင်ဆင်ရပေတော့မည်။
ဟင်းပွဲတွေက အရမ်းရိုးရှင်းပြီး ပါဝင်ပစ္စည်းနည်းပါးပေမယ့် သူမလိုသင်တန်းသူအဆင့်က သတိကြီးကြီးထားရပြန်သည်။
ဒါက သူမနဲ့ ထိပ်တန်းစားဖိုမှူးဖြစ်သည့် ဟဲဟောင်ကျန်းကြားက ကွာခြားမှုပင်မဟုတ်ပါလား..။

အခုတော​့ Silver leafပဲ သွားရဖို့ အခွင့်အရေးရှိမလား....? မထင်မှတ်ထားတဲ့ စွမ်းရည်ရှိလို့ ပျော်ရမလားပင် မပြောတတ်တော့။

လုချင်းယီ သူမ၏ ပြောင်းဖူးစွပ်ပြုတ်အား အနံ ့ခံပြီးနောက် နှာရှုတ်လိုက်ကာ သူမရှုံးသွားပြီဆိုတာကို အတပ်သိလိုက်လေပြီ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now