စာစဥ်၄ (အပိုင်း ၂၂၊၂၃)

599 74 1
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင် ၂၂

တွမ်ယုံတစ်ယောက် ထပ်ပြီး အချိန်မဖြုန်းတော့ဘဲ  ထွက်ပြေးဖို့ကြံရွယ်သည်။ ထိုအချိန်တွင် ဥက္ကဋ္ဌဟန်ကလည်း အတွင်းပိုင်းကနေ စစ်ဆေးမှုတို့ စတင်ပြုလုပ်နေလေပြီ။

သူမလုပ်ထားသည့်ကိစ္စကိုလည်း ဘယ်သူမှသိလို့မဖြစ်ပေ။ သူမသေချာပြောနိုင်သည်က ဆန်းဖေးယန်သည် သူမကို လုံးဝကူညီမှာ မဟုတ်ဘူးဟု။ ကြောက်ရွံမှုကြောင့် သူမ အသက်ရှူ နှုန်းမြင့်လာကာ ရှိုက်ငိုမိပြီး ခန်းမကနေ နီးရာ ထွက်ပေါက်ဆီကို မြန်မြန်သွားဖို့ပြင်၏။

တွမ်ယုံက သူမကိုယ်သူမ ကယ်တင်ဖို့ ကြိုးစားနေချိန်တွင် ဒိုင်တွေက ပြိုင်ပွဲဝင်တွေ၏ လက်ရာကို မြည်းစမ်းဖို့ ပြင်သည်။

လုချင်းယီသည်လည်း ကြောက်ရွံ ့မှုကြောင့် သူမလက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားလေ၏။

ပြိုင်ဝင်တွေက သူတို့၏ လက်ရာတွေကို ဒိုင်တွေဆီ သယ်သွားရမည့်အစား ဒိုင်ငါးယောက်သည် ထိုင်ခုံမှ ထကာ ပြိုင်ပွဲဝင်တွေ၏ ကောင်တာဆီကို တည့်တည့်မတ်မတ် လျှောက်လာလေသည်။
ထို့နောက် ကောင်တာတစ်ခုဆီမှ ကိတ်မုန့်တစ်တုံးကို မြည်းစမ်းကာ မှတ်ချက်မပေးဘဲ တစ်ခါတည်း အမှတ်ပေး၏။

ရီရှဲ့ရန်၏ ကောင်တာဆီ ရောက်လာတော့ သူ၏ ကိတ်မုန့်ကို ကြည့်ပြီးစိတ်ပျက်သွားကြလေသည်။ ဟန်ကျီလင်နှင့် ချွီရှောင်ဝေ့က ထိုကိတ်မုန့်ကို မြည်းစမ်း၏။ သူတို့ မြည်းစမ်းပြီးသည်နှင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတော့သည်။

' မုန့်သားက နည်းနည်းကြမ်းတယ်၊ ဒီသာမန် ဂျုံက သူ့ကိတ်မုန့်ကို လက်ရာမြောက်အောင် လုပ်ပေးနိုင်ရဲ့သားနဲ့ အရသာက.....'
ဟန်ကျီလင် စိတ်ထဲကနေ မှတ်ချက်ပေးနေ၏။

ရီရှဲ့ရန်က အခြားဘက်ကို မျက်နှာလွှဲထားတာ ဒီအဆင့်တွင် အနှောင့်အယှက်တွေကြောင့်   သူ ကောင်းကောင်းမလုပ်နိုင်ဘူး ဆိုသည့် ခံစားချက်တွေ ဖြစ်ပေါ်နေသည်။ နောက်ထပ်တစ်ဖန် Silver Leaf၏ ပစ္စည်းအရည်အသွေး မကောင်းမှုကြောင့်လည်း ရီရှဲ ့ရန် အရမ်းစိတ်ပျက်မိသည်။
ရီရှဲ့ရန်...သူ အရင်အပွဲတွေမှာ အနိုင်ယူထားသည့်.... .လုချင်းယီကို ကြည့်လိုက်​လေသည်။ သူ သေချာပြောနိုင်သည်က လုချင်းယီလည်း  အကောင်းဆုံး မလုပ်နိုင်ဘူးဟု။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now