စာစဥ်၅(အပိုင်း ၁)

574 67 2
                                    

စာစဉ်၅။ အပိုင်း ၁

သူမ အိပ်စက်ကာ အနားယူသင့်နေပြီဖြစ်ပေမယ့် ခေါင်းထဲမှ ပေါ်လာသည့် အတွေးများကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနှင့် အိပ်မပျော်နိုင်ပေ။

အိပ်ရာဘေးစားပွဲမှ နာရီကို ယူကြည့်တော့..

မနက်လေးနာရီ ရှိနေလေပြီ။ ရှန်းရီကတော့ အိပ်မောကျလျက်ရှိရာ သူမရင်ထဲမှ အပူများကို ဖြေသိမ့်ဖို့ရာအတွက်.....ထဖို့ စဉ်းစားလိုက်သည်။

ထို့နောက် သူမဝတ်ဆင်ထားသည့် ညအိပ်ဝတ်စုံကို ခါးကြိုးချည်ကာ ဆံပင်ကို သပ်သပ်ရပ်ရပ် စည်းနှောင်၏။

အပြာရောင် ညအိပ်ဂါဝန်က ကောက်ကြောင်းလှပသော သူမခန္ဓာကိုယ်နှင့် လိုက်ဖက်လွန်းလှပြီး ထိုကဲ့သို့ ဝတ်စုံများ ဝတ်ဆင်တတ်သွားသည်ကိုလည်း သူမကိုယ်သူမ မယုံကြည်နိုင်ဖြစ်ရ၏။

အိပ်မောကျနေသည့် ရှန်းရီအနားကနေ သူမထွက်ခွာခဲ့ကာ တဖြည်းဖြည်း လျှောက်ရင်းနဲ့ အမွှာလေးတွေ အခန်းဆီသို့ ဦးတည်လိုက်သည်။

ကလေးတွေ အခန်း၌ တစ်ခဏမျှ နေပြီးနောက်.....

သူမ.... သူတို့လေးတွေ မနိုးသွားစေရန် အလို့ငှါ တံခါးကို ဖြည်းဖြည်းပိတ်လိုက်၏။ ထို့နောက် နောက်လှည့်တော့.......

အသက်ကြီးကြီး အမျိုးသမီးတစ်ဦးနှင့် ဝင်တိုက်ပြီး သူမက လဲကျသွား၏။

" သခင်မလေး....ကျွန်မတောင်းပန်ပါတယ်၊ အိပ်ရာခင်းတွေက အရမ်းထူပြီး မြင့်နေတော့ မမြင်လိုက်မိဘူး။ ရရဲ့လား.....?''

မဒမ်ဂျင်က တောင်းပန်နေတော့ လုချင်းယီ ခေါင်းခါကာ မဒမ်ဂျင်၏ အကူအညီဖြင့် မတ်တပ်ရပ်ပြီး.....

" မတောင်းပန်ပါနဲ့.... မဒမ်ဂျင်ရယ်။ တကယ်တမ်းတောင်းပန်ရမှာက ကျွန်မပါ၊ ကျွန်မ သေချာမကြည့်လိုက်မိတာ။ ဒါနဲ့ အစောကြီး ပါလား....?
အရင်အပတ်ကတည်းက ကျွန်မ အိမ်မှုကိစ္စတွေ သိပ်မလုပ်ပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်နော်....''

လုချင်းယီက ထိုသို့ ပြောကာ တောင်းပန်နေသည့်အတွက် မဒမ်ဂျင် အံ ့သြ သွား၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now