စာစဥ်၅။အပိုင်း ၂၃

492 65 1
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၂၃


ထိုနေရာကနေ ထွက်လာကတည်းက မိုလီဟွေ၏ ငိုကြွေးသံကို သူတို့ ကြားလိုက်ရသည်။

လုချင်းယီ ပြုံးနေတာကို မြင်ပြီးနောက် ရှန်းရီ ခေါင်းခါလိုက်သည်။

ဒီသနားစရာအမျိုးသမီးက ကိုယ့်အန္တရာယ်ကို ကြိုမတွေးဘဲ မောက်မာနေသည်လေ။

'' မင်း အနိုင်ရသွားတာ ကံကောင်းတယ်...မဟုတ်ရင် ကိုယ့်ဒေါသကို မထိန်းနိုင်ဘဲ အကုန်ဖျက်ဆီးမိလိမ့်မယ်...''
ရှန်းရီပြောလာ၏။

'' ကျွန်မကလည်း  ရှင့်ကို ဆုံးရှုံးရမှာသိသိကြီးနဲ့ အရှုံးပေးလိုက်ရမှာလား....?''
သူမလေးက မကျေမနပ် ပြန်ပြောပြန်သည်။

ရှန်းရီ...သူမလက်မောင်းကို ဆွဲကိုင်ကာ...

'' ဒါဆို ကိုယ့်ကို အဆုံးရှုံးမခံနိုင်ဘူးပေါ့...''

ရှန်းရီက သူမလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်ပြီး သူမခန္တာကိုယ်သည်လည်း သူနှင့် မျက်နှာချင်းဆိုင် ​ဖြစ်နေသည်။
အဲ့ဒီအချိန်တုန်းက သူမဘယ်လောက်တောင် စိုးရိမ်လိုက်မလဲ...? သူမမျက်ဝန်းတွင် ထိုကြောက်ရွံ ့ခြင်းက အခုထိ မပျယ်လွင့်သေးပေ။ ကုန်းယီကျွင်းနဲ့ မန်ကျောက်တို့ ကိစ္စနဲ့ ပတ်သက်ပြီးသူမပြန်လည်သတိရကာ အတိတ်ဆိုးကို ပြန်လည်မှတ်မိသလို ဖြစ်နေလိမ့်မည်။
ဘယ်လိုအကြောင်းမျိုးနဲ့မှ သူ့ဘေးနားကနေ သူမကို ထွက်ခွာခွင့်မပြုနိုင်တော့။

'' အရမ်းလည်း မတွေးနေပါနဲ့။ ကိုယ်နဲ့ ရှိနေရင် ဘာကိုမှ ကြောက်နေစရာမလိုဘူး...''
သူမပါးအား ဖြေးညင်းစွာ ပွတ်သပ်လိုက်၏။

'' ဒီလောကကြီးမှာ အဲ့လိုအရူးတွေ အများကြီးရှိတယ် ချင်းချင်း။ သူတို့က မင်းရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာ.. ''

'' သူတို့ကို အပြစ်မတင်နေပါနဲ့...''
သူမသက်ပြင်းချကာ...

'' ဒါပေမယ့် သူတို့ရဲ့ ဦးနှောက်တွေကို ကောင်းတဲ့နေရာမှာ အသုံးချနိုင်ပါစေလို့ ကျွန်မ ဆုတောင်းမိတယ်။ အဲ့ဒါမှ ပြဿနာတွေမဖြစ်တော့မှာ...''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now