စာစဥ်၅(အပိုင်း ၃၆)

612 50 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၃၆

ဟဲဟောင်ကျန်းပြောတာမှန်ပါ၏။

သူမအမေနှင့် ဆန်းဖေးယန်အဖေတို့ သေဆုံးခဲ့ကြသည်မှာ လပိုင်းလောက်သာခြားခဲ့သည်။

ဆန်းဖေးယန်အဖေက အမည်မသိတဲ့ ရောဂါတစ်ခုကြောင့် ရုတ်တရက်သေဆုံးခဲ့ရသည်ဟု ငယ်စဥ်တုန်းက ကြားဖူးသည်။

သူမ...​ရုတ်တရက် ကြ က်သီးထမိ၏။ ဒါကတော့  အရမ်းအေးလာ၍ မဟုတ်။

ဆန်းမိသားစုက သူတို့ရဲ့ ဆွေမျိုးရင်းချာကို သတ်ရလောက်တဲ့အထိ ဖြစ်လားဟု မတွေးချင်ပေမယ့် သူမမိဘတွေ သေဆုံးခဲ့ရသည်မှာ သာမန်မဟုတ်ဘူးဆိုတာကိုတော့ လုံးဝ ယုံကြည်နေသည်။

'' ဘာလို့ ကျွန်မကို ဒါတွေလာပြောပြနေရတာလဲ....?''
လုချင်းယီ....ရုတ်တရက် ပြောမိသည်။

'' ချင်းအာ....၊ မင်း အဖေ မတော်တဆမှုမတိုင်ခင်ကတည်းက မင်းမိသားစုက နိုင်ငံကနေ ထွက်သွားဖို့ တွန်းအားပေးခြင်းခံရတယ်.....''
ဟဲဟောင်ကျန်း၏ အသံသည် အနည်းငယ်ခက်ထန်နေကာ.....

'' မင်းအဖေကို ဒီနိုင်ငံကနေထွက်သွားပြီး နိုင်ငံခြားမှာ ပရော်ဖက်ရှင်နယ်စားဖိုမှူး တစ်ယောက်အနေနဲ့ ရပ်တည်ဖို့ တိုက်တွန်းခဲ့တာလည်း ငါပါပဲ။ မင်းအမေရဲ့ မောင်နှမတွေက မိန်ရှုကို မိသားစုစာရင်းကနေ ပယ်ဖျက်ပြီးတာတောင်မှ ဒု က္ခပေးနေကြတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းအမေက ဆန်းသခင်ကြီးရဲ့ အချစ်ဆုံးသမီးဖြစ်နေတာကို သူတို့သိနေလို့​ေလ။ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့ တရားဝင် တစ်ဦးတည်းသောသမီးမဟုတ်လား....? ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ သမီးဆိုတဲ့ သံယောဇဥ်က ကျန်သေးတယ်မလား.....?''

'' ကျွန်မ အဲ့တာနဲ့ ပတ်သက်ပြီး ဘာမှမသိခဲ့ဘူး။ အမေလည်း ကျွန်မကို ဘာတစ်ခွန်းမှမပြောခဲ့ဘူး....''

ဟဲဟောင်ကျန်း ခေါင်းငြိမ့်လိုက်၏။ အဲ့ဒီအချိန်တုန်းက လုချင်းယီ... အရမ်းငယ်သေးတော့ သူမဘေးပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာကို သတိပြုမိလိမ့်မှာမဟုတ်ပေ။

'' ငါ့အတွက်တော့....အဲ့ဒီမတော်တဆမှုကို ယုံကြည်ဖို့ အရမ်းခက်ခဲနေတယ်.....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now