စာစဥ်၅(အပိုင်း၂၊၃)

575 78 2
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၅။ အပိုင်း ၂

သူ့ စီးပွားရေးကိစ္စကို သူမ ဘယ်တုန်းကမှ စိတ်မဝင်စားခဲ့၊ ဂရုမစိုက်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ စာအိတ်အတွင်းမှာရှိနေသည့် အရာကို  စိတ်ဝင်စားနေ၏။

ပီးနောက် စာအိတ်ကို ဖွင့်ဖောက်ကြည့်ရာ၌....

အထဲမှ အကြောင်းအရာကို ကြည့်ပြီး သူမမျက်ဝန်းတို့ ပြူ းကျယ်သွားရသည်။

သူမ၏ နောက်ကြောင်းကို အ​သေးစိတ် အချက်အလက်ကျကျ စုံစမ်းထားတာပင်။ သူမမိဘ၏ လက်ထပ်ခြင်းမှအစ သူမအဖွား ကွယ်လွန်သည်အထိ အချက်အလက် အားလုံးက ထိုစာအိတ်ထဲ၌ ရှိနေ၏။

ရှန်းရီက ဘာလို့ အဲ့လိုလုပ်ရတာလဲ.....?

...................

အရင်နေ့တွေလိုပင်......

မိုးသောက်ချိန်၌ ရှန်းရီ နိုးလာ၏။

သူ...မျက်လုံးမဖွင့်ခင် လက်က သူမကို လိုက်စမ်း​ပေမယ့် .....

သူမရဲ့ ခန္ဓာကိုယ်လေးကို မထိမိဘဲ ခပ်နွေးနွေးဖြစ်နေသည့် အိပ်ရာခင်းကြောင့် သူမဘေးမှာ မရှိဘူးဆိုတာကို သူ ချက်ချင်း သိလိုက်ပြီး မျက်လုံးပွင့်လာ​လေ၏။

ထို့​နောက် သူမကို အခန်းတစ်ဝိုက် လိုက်ရှာမိသည်။

သူမကို မတွေ့ရသည်နှင့် ထိတ်လန့်စိတ်က ကြီးစိုးသွားတော့သည်။

ထိုအရာက တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပေါ်သွားမယ်ဆိုတာကို သူသိပါ၏။ သို့ပေမယ့် သူမမုန်းသွားမှာကို အရမ်းကြောက်မိသည်။

လုချင်းယီလည်း လီကျိုးလိုမျိုး သူ့ကို ပစ်သွားမှာလား....? သူ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းခါမိသည်။ ဒါပေမယ့် သူမတို့နှစ်ယောက်က မတူပေ။

လီကျိုးက သူမကိုယ်ကျိုးအတွက်သာကြည့်ပြီး သူ့အချစ်ကို ပစ်ပယ်သွားသည် မဟုတ်ပါလား။
လုချင်းယီကတော့ အဲ့လို မဖြစ်နိုင်ပေ။ သူက သူမရဲ့ အနာဂတ်ဆိုတာကို သူ ရှင်းရှင်းလင်းလင်း သိထားသည်လေ။

ရှန်းရီက စီးပွားရေးလောကမှာ အာဏာရှိသူတစ်ဦးပင်။ယခင်ကတည်းက သူ လိုချင်သည့် မိန်းမကို ဘေးနား ခေါ်ထားလို့ရသည့် အနေအထားမှာ ရှိပေသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now