စာစဉ်၃ (အပိုင်း ၁၄)

1.2K 113 2
                                    

❤စီအီးအိုရဲ့  ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၄။

ဟုတ်တယ်...၊ ဒါက အရမ်း စိတ်ပျက်စရာကောင်းတယ်။

သူလည်း  တကယ်ကို စပရိုက် ဖြစ်စေချင်ခဲ့ပါ၏။  အခုတော့ သူ့ရဲ့ အားထုတ်မှုက လုံးဝ အရာမထင်ခဲ့ပါလား။

ဒါပေမယ့်  သူတစ်ခုတော့ ကြိုစဉ်းစားထားပါ၏။
တကယ်လို့ သူ့ရဲ့ လက်ရာက အဆင်မပြေခဲ့ရင် သူမကို အကောင်းဆုံး ဘူဖေးတွေ မှာကျွေးမယ်လို့ပေါ့။

ရှန်းရီရဲ့ မျက်နှာက အရမ်းတည်နေ၏။

ပြီးနောက် ဘာစကားတစ်ခွန်းမှ ပြောခြင်းမရှိဘဲ ပန်းကန်ပြားနှစ်ချပ်ကို ကိုင်ပြီး ထလိုက်ကာ နီးရာ အမှိုက်ပုံးမှာ အကုန်လုံးကို သွားသွန်ပစ်လိုက်သည်။

အစားအသောက်တွေ ဖြုန်းတီးတာကို သူ လုံးဝမကြိုက်ပေမယ့် ဒီတစ်ခါတော့ သူ့လုပ်ရပ်က အရမ်းဆိုးသွား၍ စိတ်မထိန်းနိုင်ခြင်းပင်။

လုချင်းယီလည်း အံ့ သြ သွား၏။ သူမယောင်္ကျားက သူ့ကိုယ်သူ အရမ်းစိတ်ပျက်နေတာကို သူမသိလိုက်ချေပြီ။

သနားစရာကောင်းလိုက်တဲ့ ငါ့ရဲ့ ယောင်္ကျား။

အခုတော့ သူ့ပုံစံက သခင်ဆီကနေ ကန်ထုတ်ခံရတဲ့ ကြောင်လေးတစ်ကောင်လို ဖြစ်နေပြန်ရော။

ရှန်းရီ....သူ့ခုံမှာ သွားပြန်ထိုင်လိုက်ကာ ဝိုင်တစ်ခွက်လုံးကို အားရပါးရ သောက်ချလိုက်ပြန်သည်။

သူမသဘောကျအောင် သူ အကောင်းဆုံး ကြိုးစားခဲ့ပါ၏။ နောက်ပြီး အရမ်းလည်း ရှက်ရွံ့ နေမိသည်။

လုချင်းယီ...၊ ထိုင်နေရာက ထလိုက်ကာ သူမယောင်္ကျား.... ပေါင်ပေါ်မှာ သွားထိုင်ပြီး  သူ့လည်ပင်းကို လက်နှစ်ဖက်နဲ့ ဖက်တွယ်ထားလိုက်တော့သည်။

" ရှန်းရီ...၊ ကျွန်မအတွက် ကြိုးစားပေးလို့ ကျေးဇူးပါ...''

သူ့ရဲ့ ပါးကို နမ်းကာ ပြောလေသည်။

ရှန်းရီဆီကနေ မကျေမနပ်အသံလေး ထွက်လာချေ၏။

" ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့နော်...''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now