စာစဉ်၃ (အပိုင်း ၂၀)

1.1K 108 4
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၂၀။

ရှန်းရီတစ်ယောက် ညည်းညူလိုက်၏။
သူတို့က ဒီအားလပ်ရက်မျိုးမှာ ပျော်ပျော်ရွှင်ရွှင်နှင့် ဖြတ်သန်းရမည့်အစား ဘာကြောင့်  မိဘမဲ့ကျောင်းမှာ အချိန်ကုန်နေရလဲ ဆိုပြီး နားမလည်နိုင် ဖြစ်နေသည်။

သူ့အဖွားနှင့် သူ့အဖေကိုလည်း ဘာကြောင့် ဒီလိုနေရာမျိုးကို ကြိုက်နေရလဲဆိုပြီး နားမလည်​နေပေ။

အို...နိုး..၊ ဒီနေ့က ချစ်သူများနေ့ဖြစ်​ပေမယ့်  သူတို့အတွက်တော့ လုံးဝ အဆင်မပြေ။

သူ ဆယ့်သုံးနှစ်ကတည်းက ဒီလိုနေ့မျိုးသည် ချစ်သူများအတွက် သာယာကြည်နူးဖွယ်နေ့လေးဆိုတာကို သဘောပေါက်ခဲ့သည်။

နောက်ပြီး သူ သတိရမိတာ ရှိသေးသည်။
သူတို့အဖေနဲ့ အမေ မကွဲစဉ်က ကလေးတွေကို ထားပြီး နှစ်ယောက်တည်း ညနက်တဲ့အထိ သွားဒိတ်ကြသည်လေ။

သူ့ရင်ထဲမှာ လှောင်ရယ်လိုက်သည်။ လူတွေက ဘာကြောင့် ချောကလက်နဲ့ ပန်းစည်းတွေ ဝယ်ပြီး ပိုက်ဆံဖြုန်းနေကြတာပါလိမ့်။
(အင်း 😌 မှတ်ထားလိုက်ပြီ)

အနည်းဆုံးတော့ သူ တစ်ခါမှ အဲ့လို မလုပ်ခဲ့ဖူးပေ။ ဒါပေမယ့် ကျောင်းတက်တုန်းက သူ့ရဲ့ ဆွဲအံနဲ့ စားပွဲပေါ်မှာတော့ စက်ဆုပ်ဖွယ် ချောကလက်တွေ ပြည့်နေခဲ့သည်လေ။

သူ စိတ်ရှုပ်စွာဖြင့်  နက်ကတိုင်ကို ဆွဲဖြုတ်လိုက်၏။
ဒီ ခွေးလည်ပတ်ကြီးကတော့....!

" ရီ...၊ မင်း ဘာတွေ ဖြစ်ပျက်နေတာလဲ။ နက်ကတိုင်က ခဏလေးပဲဝတ်ထားရတာကို....''
ရှန်းဟောင်က သူ့သားကို ဆူ၏။

" ပြီးတော့...ရွှီ၊ ကလေးတွေဆီက  ချောကလက်တွေ ယူနေတာကို ရပ်လိုက်တော့...! မင်းရော ဘာဖြစ်နေတာလဲ....? သွား....ကလေးတွေကို ပြန်ပေးလိုက်....!''

ရွှီက နှုတ်ခမ်းစူလိုက်ကာ.....

" ဟုတ်ကဲ့....အဖေ...''

.......

အတိတ်ဆီသို့.......

အရင်တစ်ခါ ဒီနေရာကို  ရောက်လာတုန်းက ကားပေါ်ကနေ ဆင်းလာတာနဲ့ သူတို့ညီအစ်ကို နှစ်ယောက်ကို မိန်းမငယ်လေးတွေ ဝိုင်းအုံကြည့်ကြပြီး စူးစူးဝါးဝါး အော်ဟစ်ကြသည်။
အဲ့ဒီတုန်းက ရွှီတစ်ယောက် ရှစ်နှစ်သာ ရှိသေးကာ ထို မိန်းမငယ်လေးတွေကို လန့်ပြီး သူ့အစ်ကို အနောက်မှာ ပြေးပုန်း၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now