စာစဥ်၅ (အပိုင်း ၂၂)

519 64 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၂၂

'' ဒီနှစ်အတွက် ချန်ပီယံကတော့ Grace Palace စားသောက်ဆိုင်မှဖြစ်ပါတယ်....''

'' ဂုဏ်ယူပါတယ် မိန်းကလေးလု...''

'' Grace Palaceကို မြန်မြန်ဖွင့်ပါနော်။ မိန်းကလေးလုရဲ့ လက်ရာကို အရမ်းစားချင်နေပြီ...''

'' ကိုကို...''
မိုလီဟွေ၊ ...သူမအစ်ကိုအား သိမ်ငယ်စွာဖြင့် ကြည့်လာ၏။

အခုတော့ မိုလီဝေက သူ့ညီမကို လုံးဝ မကယ်နိုင်တော့ပြီ။ သူ့စကားကိုသာ နားထောင်ခဲ့ရင် အခုလို လူကြားမှာ အရှက်ကွဲမည်မဟုတ်။

မိုလီဝေ၊ သူ့ညီမ၏ အဖြစ်ကို ကြည့်ပြီး သက်ပြင်းသာ ချနေမိသည်။

'' မိန်းကလေးလု၊ ကျွန်တော့်ညီမကို ခွင့်လွှတ်ပေးလို့ရမလား...?''
လုချင်းယီအား မိုလီဝေ တောင်းပန်လာ၏။

သူ့ညီမလည်း ဘဝနဲ့ရင်းပြီး သင်ခန်းစာ ရလောက်ပေမည်။ ဒီစားသောက်ဆိုင်ကလည်း သူတို့အတွက် အသက်တမျှ တန်ဖိုးရှိသည်လေ။

'' ဒီလောင်းကြေးထပ်ပွဲကို ဘယ်သူက ပိုစိတ်အားသန်ပြီး လုပ်ခဲ့တာလဲ...? ရှင့်မိသားစုနဲ့ ရှင်ကိုယ်တိုင်ကရော အဆုံးထိ ငြင်းဆန်ခဲ့လို့လား...? ဒီလိုဆုံးရှုံးမှုမျိုးကို လက်မခံနိုင်ရင် အစကတည်း ဦးနှောက်ရှိတာပဲ စဥ်းစားပေါ့''

လုချင်းယီကတော့ လုံးဝခွင့်လွှတ်မယ့်ပုံမပေါ်။

မိုလီဝေ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်လာသည်။ သူတို့ဆီမှ အပြာရောင်ကောင်းကင်ဆိုင်ကို တကယ်ကြီး ယူလိမ့်မည်မဟုတ်ဟု သူ ထင်ခဲ့မိသည်လေ။

'' ကျွန်တော့ညီမနဲ့ စားသောက်ဆိုင်ကို လွှတ်ပေးဖို့ ဘာမဆိုကျွန်တော်လုပ်ပေးပါ့မယ်...''

'' ဟာသတွေအရမ်းပြောတာပဲနော်...မိုလီဝေ..''

'' လုချင်းယီ..!နင်မကျေနပ်နိုင်သေးဘူးလား...?ဒီနေ့ ငါ့ကို အရှက်ခွဲတာ သုံးကြိမ်ရှိသွားပြီ ...အဲ့တာတောင်မကျေနပ်နိုင်သေးဘူးလား....? နင်က ဘာကောင်မမို့လို့လဲ...? နင်က အခု.....''

လုချင်းယီဘေးတွင် ရှန်းရီ ရုတ်တရက် လာရပ်သည့်အတွက် မိုလီဟွေ၏ စကားတို့ တုံ့ခနဲ့ပြတ်သွား၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now