စာစဥ်၄ (အပိုင်း ၃-၆)

689 70 4
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄ ။ အပိုင်း ၃

သူမအဖေက လုချင်းယီဆီကနေ ဘာတွေမျှော်လင့်နေတာလဲဆိုတာကို သူမလည်း မသိတော့။

လုစီဖေး (လုချင်းယီရဲ့ အဖေ)၏ မွေးစားသားဖြစ်သူ ထျန်းလင်ယွီက ယခု စီနီယာတန်းကို တက်နေပြီး နောက်ထပ် လုစီဖေး၏ ကလေးတစ်ယောက်ပါ Silver Leafဆီ ထပ်ရောက်လာလိမ့်မယ်လို့ သူမမမျှော်လင့်ထား။

ဒါပေမယ့် လုချင်းယီ ၊ Silver Leafဆီ ဆက်သွယ်လာကတည်းက ဝင်ခွင့်ရလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြသည်။

ထျန်းလင်ယွီက Silver Leaf၏ ဂုဏ်ဆောင်ပင်။ သူက ငယ်ငယ်လေးကတည်းက ချက်ပြုတ်ရာမှာ အရမ်းတော်လှသည်။ ပင်ကိုယ်စွမ်းရည်လည်းရှိပြီး အရသာခံနိုင်စွမ်းကတော့ ဘုရားပေးတဲ့ဆုလာဘ်ကိုရထားသလို။ အဲ့တာကြောင့် လုစီဖေးက ဒီလိုကလေးကို ပြုစုပျိုးထောင်တာက မဆန်းတော့။

ဒါမှမဟုတ် ထျန်းလင်ယွီက သူ့ညီမကို Silver Leafဆီ ဆွဲခေါ်လာတာများလား။

ဟန်ကျီလင် ခေါင်းခါလိုက်၏။ မဟုတ်ဘူး....မဖြစ်နိုင်ဘူး...! လုစီဖေးဆုံးပြီးကတည်းက သူ့ညီမနဲ့ အဆက်အသွယ်ရှိနေတာများလားဆိုပြီး သံသယဖြစ်မိသေးသည်။ ဒါပေမယ့် သူ့ညီမ ဒီကိုလာတာသိရင် သူလည်း လာကြည့်မှာပေါ့ ဘယ်ကနေ စောင့်ကြည့်နေတာပါလိမ့်။

Silver Leafက အသက်မကန့်သတ်ထားပေ။ ဟန်ဥက္ကဋ္ဌက ထျန်းလင်ယွီကို ပရော်ဖက်ရှင်နယ် စားဖိုမှူးတစ်ယောက်ဖြစ်အောင် Silver Leafမှာ လာတက်ပါဆိုပြီး အတင်းစည်းရုံးသောကြောင့် မနှစ်ကတည်းက လာတက်ဖြစ်သွားခြင်းပင်။
သူက လီမိသားစု၏ ထောက်ပံ ့ပေးမှုဖြင့် မနှစ်က ဝင်ခွင့်စာမေးပွဲကို အောင်မြင်သွားခဲ့သည်။

" သူမရောက်နေတာကို သူသိလား...?''
ဟန်ကျီလင် က သူမအဖေကို အဆက်မပြတ်မေးလာလေ၏။ သူမ အဖြစ်မှန်ကို သိမှရလိမ့်မည်။ ဒီလု မောင်နှမနှစ်ယောက်က သူမကို ခေါင်းကိုက်အောင် လုပ်ကြလိမ့်မယ်ဆိုတာကို သူမသိလိုက်ချေပြီ။

ဟန်ဥက္ကဋ္ဌက သူ့သမီး၏ သည်းမခံနိုင်သော အမူအရာကြောင့် ရယ်လေ၏။
နှစ်နှစ်ဆယ်ကျော်တောင် ကြာခဲ့လေပြီ။ ဒါပေမယ့် ဟန်ကျီလင်က လုစီဖေး အခြားမိန်းမတစ်ယောက်ကြောင့် Silver Leafကနေ ထွက်သွားတာကို မမေ့နိုင်သေးပေ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now