စာစဉ်၃ (အပိုင်း ၁၆)

1.2K 112 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

အပိုင်း ၁၆။

နောက်တစ်နေ့တွင်။

ရှန်းရီနှင့် သူမတို့နှစ်ယောက်လုံး က​လေးတွေကို မဒမ်ရှန်းဆီကနေ သွားခေါ်ဖို့ ပြင်ဆင်၏။

အမွှာ​လေး​တွေကို ​မွေးစားပြီးကတည်းက တစ်ခါတစ်လေ၊... Silver Leafဆီမသွားတော့ဘဲ....သူမရဲ့ မိသားစုငယ်လေးဆီမှာပဲ နေချင်မိသည်။

ကလေးတွေအတွက် နေ့လည်စာနဲ့ မဒမ်ရှန်းအတွက် အချို ပွဲတွေကို ပြင်ဆင်ကာ ထုပ်ပိုးပြီးသွားလေပြီ။

မှန်ကို နောက်ဆုံးအကြိမ် တစ်ချက်ကြည့်လိုက်ပြီး၊  သူမရဲ့ အဖြူရောင် ဂါဝန်လေးအား  သေချာပြင်ဝတ်လိုက်၏။ ပြီးနောက် သူမမျက်နှာမှာ ပြုံးရိပ်သန်းလာခဲ့သည်။

ရှန်းရီနဲ့ တွေ့ကာ လက်ထပ်ပြီးကတည်းက သူမဆီမှာ ပျော်ရွှင်ခြင်းနဲ့ ပြုံးပျော်နေခြင်းက အလိုလိုရောက်လာသည်ဟု သူမ သတိပြုမိ၏။

နှစ်ပေါင်းများစွာ တစ်ယောက်ထဲ အထီးကျန်စွာနဲ့ နေထိုင်ပြီးသည့်နောက် အခုတော့ နွေးထွေးတဲ့ မိသားစုလေးကို သူမပိုင်ဆိုင်ရလေပြီ။

ရှန်းရီနဲ့ နေတာကြာတော့လည်း ဘယ်အစားအသောက်ကို သူကြိုက်တတ် မကြိုက်တတ်။ ဘယ်အရောင် ၊ ဘယ်အဝတ်အစားက အစ သူမသိလာရချေ၏။

သူမ၏ အဖြူရောင် ပုခုံးပေါ်အင်္ကျီက သူမရဲ့ ခန္ဓာကိုယ်အချိုးအဆနှင့် လိုက်ဖက်စွာ။
မနေ့က ရှားယုဟန်တစ်ယောက် သူ့ရဲ့ နောက်ဆုံးပေါ် ဒီဇိုင်းကို သူမလက်ထဲ အတင်းထိုးထည့်သွားသည်လေ။ သူမ၏ နူးညံ့ ဖြူ ဝင်းသည့် ပုခုံးသားသည်လည်း အရမ်းကို ပေါ်လွင်နေပြီး သိမ်မွေ့ပုံပေါ်၏။

သူမ၏ ဂါဝန်နဲ့ ပတ်သက်ပြီး အရမ်းကျေနပ်နေကာ ဆံပင်ကို မြင့်မြင့်ချည်နှောင်လိုက်သည်။

" ရှင်ရော အဆင်သင့်ပဲလား...''
သူမ အောက်ထပ်ကိုဆင်းလာကာ သူ့ကို မေးလိုက်၏။

ရှန်းရီက အောက်ထပ်မှာ သူ့မိန်းမကို စောင့်နေပြီး ချင်းယီအသံကို ကြားတော့ သူ့ညီနဲ့ ဖုန်းပြောနေတာကို  ရပ်လိုက်၏။ သူမကိုကြည့်တော့လည်း အဆင်သင့်ဖြစ်နေပြီး ၊ နောက် သူမက မီးဖိုချောင်ထဲဝင်သွားကာ အထုပ်တွေကို သွားယူဟန်တူသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now