စာစဥ်၅ (အပိုင်း ၁၇၊၁၈)

487 55 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၁၇

အရင်က လုချင်းယီဆိုသည့်နာမည်ကို သူမတစ်ခါမှ မကြားဖူးခဲ့ပေ။ သူမအနေနဲ့ မြို့တော်ကို အကြိမ်ပေါင်းများစွာ သွားဖူးပေမယ့် လုချင်းယီဆိုပြီး ကျော်ကြားသည့်နာမည်ကို မကြားဖူးခဲ့။Grace Palaceကိုစီမံဖို့ ရှန်းသခင်မကြီး ပို့လာရတဲ့အထိ သူမက ဘယ်သူများလဲ...?

ဒါမှမဟုတ် မြို့တော်ကထိပ်တန်းစားဖိုမှူးလား...?

အဲ့တာတော့ မဖြစ်နိုင်ပေ။ သူမအစ်ကို မိုလီဝေ တောင် ထိုနာမည်ကို မကြားဖူးဘူး ဟု ​ပြောခဲ့သည်။

လုချင်းယီ မျက်ခုံးမြင့်တက်သွားပြီး ပြုံးလိုက်သည်။

'' အာ...ကျွန်မကို ဂရုမစိုက်ပါနဲ့ မိန်းကလေးမို၊ ကျွန်မကို ရှန်းသခင်မကြီးပို့လိုက်တာက တာဝန်အရပါ။ ဒါပေမယ့် မိန်းကလေးကို ကြည့်ရတာတစ်မျိုးကြီးနော်....ကျွန်မကို ရှုံးမှာပဲ ကြောက်နေတာလား...ဒါမှမဟုတ် လျော့တွက်ထားသလားမပြောတတ်ဘူး....''

' ကိုယ့်ရဲ့ရန်သူကို အဲ့လိုမကြည့်ဘဲ ဘယ်လိုကြည့်ရမှာလဲ...? နင်က ရှန်းသခင်မကြီးပို့လိုက်တယ်ဆိုတာကို ငါ လုံးဝမယုံဘူး...'
မိုလီဟွေ ထိုကဲ့သို့ ပြောလိုက်ချင်ပေမယ့် စကားလုံးတွေက မထွက်ကျလာ။

'' မိန်းကလေးလုက မြို့တော်ကနေလာတဲ့ ထိပ်တန်း စားဖိုမှူးလားဟင်။ စကားပြောတာ အထက်စီးဆန်သလိုပဲ...အို အရမ်းအံ ့သြဖို့ကောင်းလိုက်တာ။ ရှန်းမိသားစုကလည်း သာမန်မိန်းကလေးဆို ဘယ်ပို့ပါ့မလဲနော်....''

အိုလီဟွေကတော့ လုချင်းယီအကြောင်းကို ဖော်ထုတ်ချင်နေလေပြီ။
ဘာပဲဖြစ်ဖြစ် လုချင်းယီရဲ့ အလိမ်အညာတွေကို ဖော်ထုတ်ရမယ်။

'' ရှန်းသခင်မကြီးက ကျွန်မနဲ့ ေဟာဒီက ကျွန်မချစ်သူကို ဆိုင်အတွက် စီမံခန့်ခွဲဖို့ ပို့လိုက်တာတော့ အမှန်ပါ။ မိန်းကလေးမိုရဲ့ မလိုမုန်းထားပြီး သံသယဝင်တဲ့ကိစ္စကို ကျွန်မ ဘယ်လိုများ သက်သေပြရမှာလဲ...?''

လုချင်းယီဆီမှ ထိုစကားများကိုကြားပြီးနောက်
အပြာရောင်ကောင်းကင်မှ ဝန်ထမ်းတွေသည်
အရယ်မရပ်ကြတော့ပေ။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now