စာစဥ်၅ (အပိုင်း ၁၂)

500 53 1
                                    

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး

စာစဥ်၅။ အပိုင်း ၁၂

'' ယန်လီကျွင်း..... ၊ ကျွန်မအတွက် သူ့ပါးစပ်ပေါက်ပိတ်သွားအောင် ရိုက်ချင်ရင် ရိုက်ချပလိုက်...!''

ကျယ်လောင်သော ရိုက်သံနှစ်ချက်သည် ညနေခင်း၏  တိတ်ဆိတ်မှုကို ဖြိုခွင်းပစ်လိုက်သည်။ ယန်လီကျွင်းကတော့ ချင်းယီ အမိန့်ရတာနဲ့ မဆိုင်းမတွပင်။

' ဖြန်း...ဖြန်း !!!'

အရင်နေ့တွေကတည်းက  ယန်လီကျွင်းသည်  စိတ်တွင် တစ်စုံတစ်ခုကြောင့် ကြိတ်နိုင်မခဲဖြစ်နေသည်။ အကြောင်းက.......

သခင်မလေးလု၏ မကောင်းကြောင်းတွေကို ဖြန့်ဝေနေသူမှာ အပြာရောင်ကောင်းကင်မှ ဆိုင်ဝန်ထမ်းတွေကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။

ကြမ်းတမ်းသောရိုက်ချက်ကြောင့် ထိုရိုင်းစိုင်းသောဝန်ထမ်းသည် အံ ့အားသင့်နေကာ မျက်နှာမှ ကြိမ်းစပ်မှုကို ခံစားရနေလေပြီ။

'' နင်...! နင်ကများ ငါ့ကို ရိုက်ရဲတယ်....!''
သူမက လုချင်းယီကိုကြည့်ကာ ငိုလေ၏။

'' ဟဲ့....နင့်ကိုရိုက်တာ ငါဟ...၊ ဘယ်သူ့ကို ကြိမ်းမောင်းနေတာလဲ....?''
ယန်လီကျွင်းက မချေမငံပြော၏။

သခင်မလေးက နင့်လိုလူမျိုးကို အားအင်ကုန်ခံပြီး ရိုက်စရာလား....?

'' ရိုက်တော့ ဘာဖြစ်လဲ....? ဘာလဲ ပြန်လုပ်ချင်လို့လား....၊ မကျေနပ်ရင် နင့်ရဲ့ သခင်မဆိုတဲ့ ဟာမဆီ သွားငိုပြလေ....''
လုချင်းယီ...၊ စားသောက်ဆိုင်၏ တံခါးကိုမှီကာ လက်သည်းကိုပဲ အာရုံစိုက်ဟန်ဖြင့် ဂရုမစိုက်စွာ ပြောလာသည်။

ယန်လီကျွင်း ရယ်လိုက်၏။ ထိုမိန်းမက Grace Palace ရှေ့မှာ အော်ဟစ်ငိုယိုပြီး လူတိုင်းရဲ့ အာရုံစိုက်မှုကို ရအောင်လုပ်နေသည်လေ။ သူမရဲ့ ဖောင်းကားနေတဲ့ဝက်မျက်နှာကြီးက ဒေါသစိတ်ကြောင့် နီရဲနေပြီး ဘာကိုမှဂရုမစိုက်ဟန်။
သူမအနေနဲ့ မိုလင်ယွီဘေးမှာ နေကတည်းက ဒီလို တစ်ခါမှ အနိုင်ကျင့်မခံဖူးပေ။

'' ဒီအတွက် နင် ပြန်ပေးဆပ်ရလိမ့်မယ်.!!!!!''
ထိုမိန်းမက ခြေဆောင့်ကာဖြင့် အာခေါင်ခြစ်အော်လေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now