စာစဥ်၄ (အပိုင်း ၁၈၊၁၉)

615 74 3
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း ၁၈

လုချင်းယီတစ်ယောက် ဘာဆက်လုပ်ရမလဲဆိုပြီး စဉ်းစားရကျပ်နေသည်။
သူမရှေ့ဆက်တိုးရမလား...ဒါမှမဟုတ် အရှုံးပေးလိုက်ရမလား...? မဟုတ်ဘူး...! ဒီလိုအခွင့်အရေးကို လွယ်လွယ်နဲ့ အဆုံးရှုံးခံလို့မဖြစ်ဘူး...!

အခြားသူတွေ ကိတ်မုန့်လုပ်နေချိန်မှာ လုချင်းယီကတော့ ချီတုံချတုံဖြစ်လျက်။ ထို့နောက် သူမက အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်ကာ အနီးမှာရှိသည့် ကိုယ်စားလှယ်တစ်ယောက်ကို လှမ်းခေါ်လိုက်တော့ ထိုလူက အေးအေးဆေးဆေး လျှောက်လာ၏။

" ကျွန်မကို တစ်ချက်လောက် ​ပြောခွင့်ပြုပါနော်...။ အစ်ကိုတို့ အဖွဲ ့ ကျွန်မပုံးထဲမှာ ပစ္စည်းမှားထည့်မိပြီထင်တယ်....''
လုချင်းယီ ....စိတ်လှုပ်ရှားမှုကို ထိန်းကာ မျက်လုံးချင်းဆုံအောင် ကြည့်ပြီး သေချာမေးလေ၏။

ထိုကိုယ်စားလှယ်က သူမကို အပိုလုပ်တယ်ဆိုသည့်အကြည့်နဲ့ ကြည့်တော့ သူမ စိတ်မသက်မသာ ဖြစ်လာရသည်။

" ဒီမှာ မိန်းကလေးလု၊ နေရာပြန်သွားပြီး ပေးထားတဲ့ကိတ်မုန့်ပုံစံပဲ လုပ်ရင် အကောင်းဆုံးဖြစ်မယ်နဲ့တူတယ်။ မင်းကို ပေးထားတဲ့ ပစ္စည်းတွေမှာ ဘာပြဿ     နာမှ ဖြစ်စရာအကြောင်းမရှိဘူး...! တကယ်လို့ အဲ့ဒီပစ္စည်းတွေက အဆင့်မပြည့်မှီဘူးလို့ထင်ရင်လဲ ပြိုင်ပွဲကနေ နှုတ်ထွက်လိုက်...!''
ထိုလူက သူမပြောသည့်စကားတွေကို ဂရုမစိုက်ဘဲ ချေချေငံငံပြောဆိုကာ သူ့အာရုံကို တစ်ခြားနေရာဆီလွှဲလိုက်၏။

" ဒါပေမယ့် ကျွန်မရထားတဲ့ ဂျုံက ကိတ်မုန့်လုပ်တဲ့ ဂျုံမှမဟုတ်တာ...! မလိုင်ထုတ်ထားတဲ့နို့ကလည်း ပြောထားတာနဲ့ တလွဲကြီး...!''
သူမပြောပေမယ့် ထိုလူက မျက်နှာလွှဲကာ လက်ပဲခါထုတ်နေသည်။

" မင်းက ဘာဖြစ်ချင်နေတာလဲ...? ကောင်းမကောင်းဆိုတာတော့ မင်းနဲ့ပဲဆိုင်တယ်....ဒီလိုငြင်းခုန်ရင်းနဲ့ အချိန်ဖြုန်းနေတော့မလား.... မိန်းကလေးလု၊ ပုံးတွေအားလုံးကို ကျွန်တော်တို့ သေချာ စစ်ပြီးသားပါ ....ဘာမှမှားစရာအကြောင်းမရှိဘူး....!''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now