စာစဥ်၅(အပိုင်း ၁၃)

541 53 2
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။အပိုင်း ၁၃

'' မင်းလေးရဲ့ လျိုရင်က ကျွန်မအပေါ် အရမ်းရိုင်းတာပဲ။ ကျွန်မကို ​ဘာပြောလဲသိလား...? ကျွန်မ က... မင်းလေးနဲ့ ယှဥ်ဖို့ တစ်စက်ကလေးမှ အရည်အချင်းမရှိဘူးတဲ့..... ။ လမ်းအတူတူလျှောက်ဖို့တောင် မတူမတန်ဘူးတဲ့။ ထပ်ပြီး ပြောသေးတယ် မင်းလေးသာ ဒီမြို့မှာ အတော်ဆုံးဖြစ်ပြီး ဒီညနေပြိုင်ပွဲမှာအားလုံးကို ရိုက်ချပစ်န်ုင်မယ်တဲ့....''

လုချင်းယီ ညှိုးငယ်စွာဖြင်​့ သက်ပြင်းချလိုက်ကာ....

'' ကျွန်မက ရှန်းသခင်မကြီးရဲ့တောင်းဆိုမှုကြောင့်သာ ဒီကိုလာရတာပါ။ ရှန်းသခင်မကြီးကပြောတယ်....ဒီမြို့ကလူတွေက အရမ်းဖော်ရွေတာပဲတဲ့ ....ကျွန်မလို ဧည့်သည်ကိုလည်း အရမ်းဂရုစိုက်ကြမှာပဲတဲ့..... အခုတော့ ကျွန်မထင်တယ်...ကျွန်မက ပြိုင်ပွဲဖိတ်စာတောင် ရသင့်တဲ့သူမဟုတ်ဘူး.....''

လုချင်းယီ ပါးစပ်မှ ထိုစကားများကို ကြားပြီးနောက် မိုလင်ယွီ ၊ ရုတ်တရက် အေးခဲသလို ခံစားလိုက်ရပြီး လျိုရင်လည်း ပါးစပ်ကြီးဟပြီး ဆွံ ့အနေသည်။

သူမတို့ကြားလိုက်တာ တကယ်ကြီးလား....? ရှန်းသခင်မကြီးက အဲ့ဒီမိန်းမကို ဒီကိုပို့လိုက်တာတဲ့လား....?

လျိုရင်တစ်ယောက် ကြောက်ရွံ ့မှုကြောင့် တုန်ရီနေပေပြီ။ ရှန်းမိသားစုကို သွားရှုပ်ရင် ဘယ်လိုပြန်ခံစားရလဲဆိုတာကို သူမသိသည်လေ။ တကယ်လို့ ထိုမိန်းမသာ ရှန်းသခင်မကြီးရဲ့ အမိန့်ကြောင့် လာတာဆိုရင် သူမနဲ့ သူမသခင်မလေး လုပ်ရပ်က အရမ်းလွန်သွားလေပြီ။

'' မင်း ဝန်ထမ်းရဲ့စကားကြောင့် တို့ အရမ်းရှက်တာပဲ။ တို့က အားလုံးနဲ့တစ်ခါတည်း ရင်းနှီးချင်လို့သာ ပြိုင်ပွဲဝင်ပြိုင်တာပါ။ ဒီလိုမှန်းသိရင် ကျွန်မ ဒီမြို့ကို မလာပါဘူး....''

လုချင်းယီ ရုတ်တရက်ရှိုက်ငိုကာ သူမပုခုံးလေးက တုန်ရီနေသည်။

လုချင်းယီ၏ ပုံစံကိုကြည့်ပြီး လူအုပ်ကြီးသည် လျိုရင်သာ ပြဿနာထပ်ရှာပြန်ပြီဟု တွေးလိုက်ကြလေ၏။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now