စာစဥ်၄(အပိုင်း၄၀)

542 83 1
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း ၄၀

သူတို့နှစ်ယောက်လုံး လက်ထပ်ပြီးကတည်းက..

ရှန်းရီသည် သူမကို မြို့၏ အကျော်ကြားဆုံး စားသောက်ဆိုင်သို့သာ ခေါ်သွားလေ့ရှိပြီး သီးသန့်အခန်းကိုသာ ငှါးတတ်သည်။

" နှစ်ယောက်ဝိုင်း....သီးသန့်...''

စားသောက်ဆိုင်ဝန်ထမ်းသည် ရှန်းရီ ရုတ်တရက် ရောက်ချလာမှုကြောင့် ထိတ်လန့်သွား၏။
ရှန်းရီသည် သူတို့၏ VIPဧည့်သည်ဖြစ်ပြီး သူအမုန်းဆုံးအရာက အချိန်အကြာကြီး စောင့်ရသည်ကိုပင်။

" ရှင့်ကိုတွေ့တာနဲ့ အကုန်လုံးက လန့်သွားကြတာပဲနော်....ရှင်က အဲ့လောက်တောင် ကြောက်ဖို့ကောင်းတာလား....?''
လုချင်းယီ၊ သူမယောကျ်ားဘေးမှာနေရင်း ပြုံးဖြဲဖြဲနှင့် စလာ၏။

" အနည်းဆုံးတော့ သူတို့ မြန်မြန် အလုပ်လုပ်ကြတယ်လေ....''

သူတို့နှစ်ယောက်လုံး ခုံမှာထိုင်ပြီးကြချိန်တွင် လုချင်းယီတစ်ယောက် စိတ်ပျက်စရာကောင်းသည့် အခြအနေနှင့် ကြုံလိုက်ရ၏။ ဤသည်က မိန်းကလေး စားပွဲထိုးတစ်ယောက်သည် ရှန်းရီကို ဆွဲဆောင်နေတာပင်။

ရှန်းရီသည် သက်ပြင်းသာ အကြိမ်ကြိမ် ချမိနေ၏။ ထိုမိန်းကလေးသည် ဝန်ထမ်းအသစ်ဖြစ်ဟန်တူသည်။

" ဒီညအတွက် ကျွန်မ ဘာယူပေးရမလဲရှင့်...?''
ထိုမိန်းကလေးက ရှန်းရီကိုကြည့်ပြီး ချိုသာသည့်အပြုံးကို ပန်ဆင်ထားသည်။

" အရမ်း...အရမ်းကောင်းတာတွေကို မြည်းစမ်းကြည့်ချင်လား....?''
ရှန်းရီ....ဘာမှမပြောဘဲ ချင်းယီကို ကြည့်လာ၏။

" ဘာစားမလဲ...?''

"ပြင်သစ် ဘဲသားပေါင်းနဲ့ ချောကလက် ချိစ်ကိတ်...''
သူမ အရင်က မစားဖူးသည့် အစားအစာကို စားရတော့မည်ဖြစ်သည့်အတွက် လုချင်းယီ၊ အရမ်းစိတ်လှုပ်ရှားနေမိသည်။ သို့ပေမယ့် ထိုမိန်းကလေးက သူမကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်ကို သတိထားမိလိုက်ချိန်တွင် သူမ မျက်ခုံးတို့ မြင့်တက်သွားရသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now