စာစဥ်၅(အပိုင်း၄၊၅)

451 43 0
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၅။ အပိုင်း ၄

ကြီးမားသော နှစ်ဆယ့် ခုနစ်ထပ်အဆောက်အဦး၏ အပေါ်ဆုံးထပ် ရုံးခန်းထဲကနေ ရှန်းရီ...၊ အဝေးကို ငေးကြည့်ရင်း သူ့နှလုံးသားကို ဖမ်းစားသွားခဲ့သည့် မိန်းမဆိုးလေး လုချင်းယီအကြောင်းကို စဉ်းစားလို့နေသည်။

လက်ထပ်ပြီးစ အချိန်တုန်းက ချောင်ဟဲ စုံစမ်းပေးထားသော သူမနှင့်ပတ်သက်သည့်အကြောင်း အရာအားလုံး ရေးထားသည့် စာအိတ်ကို ထိုနေ့က သူမရှာတွေ့သွားပေမယ့် သူ့ကို စိတ်မဆိုးသွားတာက အရမ်းကံကောင်းသည်ဟု ပြောရပေမည်။
သူမလိုလူမျိုးကို ရထားသည့်အတွက်လည်း ရှန်းရီ အရမ်းဂုဏ်ယူမိသည်။

သူ့လို နားလည်ရခက်တဲ့လူကို လုချင်းယီက နားလည်ပေးနိုင်ပြီး အရမ်းဂရုစိုက်ပေးသည်​လေ။

နောက်ထပ် သူ့မှာ စိတ်ပူစရာရှိသေးသည်။
အဲ့တာက လီယွီလျန်ကိစ္စပင်။
အရင်က သူမစေ့စပ်ထားခဲ့တဲ့ လီယွီလျန်က သူ့ရည်းစားဟောင်းရဲ့ မောင်လေးဖြစ်နေတာကို သိသွားရင်ရော......? သူ ့ကို လုချင်းယီ ဘယ်လို ထင်သွားမှာလဲ....? သူမကရော လီယွီလျန်အကြောင်းကို ဘယ်လောက်ထိ သိထားတာလဲ...?

ရှန်းရီ....၊ သူ့ကိုယ်သူ အပြစ်တင်မိသည်။

သူက ဘာလို့ စိတ်ပူနေရမှာလဲ....?
ဘယ်လိုပဲဖြစ်ဖြစ် သူမက သူ့ဇနီးဖြစ်နေလေပြီ။
သူမအနေနဲ့လဲ ဘယ်လောက်ပဲ စိတ်ဆိုးစရာကောင်းလောက်တဲ့ကိစ္စပဲရှိရှိ သူ့ကို မပစ်သွားနိုင်ဘူးဆိုပြီးတော့လည်း စိတ်ထဲတွင် ယုံကြည်ထားမိသား။

သူ စိတ်ပူနေမိခြင်းက သူတို့နှစ်ယောက်လက်ထပ်ထားသည့်ကိစ္စသည် ချစ်သူနှစ်ယောက် ချစ်ကြခင်ကြ၍ လက်ထပ်ထားသလိုမဟုတ်ဘဲ အပေးအယူသဘော ဖြစ်နေသောကြောင့်ပင်။

ရှန်းရီ သက်ပြင်းချလိုက်၏။ တစ်ခါတစ်ရံ သူမကို Silver Leafဆီ ပေးသွားမိတာက မှားများမှားသွားသလားဆိုပြီး စိတ်ထဲတွင် မတင်မကျဖြစ်လျက်။

သူ အကြောက်ဆုံးအရာက လုချင်းယီ....သူမအိမ်မက်နောက်လိုက်ရင်း သူ့အား မေ့သွားမည်ကိုပင်။ သူ မရှိသည့်နေရာတွင် သူမက အခြားယောကျၤားလေးများ၏ ပစ်မှတ်ဖြစ်လာမည်ကိုလည်း ရင်လေးမိလေသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now