စာစဥ်၅(အပိုင်း၁၀)

514 64 3
                                    


❤စီးအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၁၀

လုချင်းယီ နားလည်လိုက်ပြီး ထပ်လည်း မမေးရဲတော့ပေ။ ဘယ်လိုဖြစ်ဖြစ် သူမအနေနဲ့ ယှဥ်ပြိုင်ဖို့ သိပ်အခက်အခဲ ပြင်ဆင်စရာ မရှိသလိုပင်။ အဓိက ကတော့ သူမအနေနဲ့ အကူ လက်ထောက်ရှာဖို့ စဥ်းစားရတော့မည်။

ရှန်းရီနှင့် သူမတို့ နှစ်ယောက် အရင်နေရာကို ပြန်လာကြပြီး မြို့တွင်းဆိုင်များ၏ စိတ်ဝင်စားစရာ အချက်များကိုရှာဖွေကာ Grace Palace ဆိုင်အား ပြန်လည်လည်ပတ်ရန် အစီအစဥ်များကိုလည်း စဥ်းစားကြရပြန်သည်။

လူတွေကြား၌ သူမတို့နှစ်ဦး ရှိနေစဥ်အတွင်း လုချင်းယီ၊.... တစ်ယောက်ယောက် စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။

သူမမော့ကြည့်တော့....မိန်းကလေးတစ်ယောက်က သူမကို အေးစက်တဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေသည်လေ။

မိုလီဟွေတစ်ယောက် ပန်းနုရောင် ဂါဝန်ကို ဝတ်ဆင်ထားကာ သူမ၏ ဆံပင်အလိပ်ကို သေချာစည်းနှောင်ထားသည်။ ရွှေ​ေရာင်မျက်မှန်ကိုင်းနှင့် ထိုမိန်းကလေးကို ကြည့်ရသည်မှာ နူးညံ့ကာ မိန်းမဆန်ပေမယ့် သူမရဲ့ မျက်လုံးတွေကတော့ စူးရှနေကာ လုချင်းယီကို အမုန်းများနှင့် ကြည့်နေလေတော့သည်။

ထိုမိန်းကလေးဘေးမှာတော့ အသက်လတ်ပိုင်း နှာခေါင်းချွန်ချွန် ခန္ဓာကိုယ်တောင့်တောင့် လူကြီးတစ်ယောက်က အဖြူရောင် ယူနီဖောင်းနှင့် ရပ်နေလေ၏။ ထိုသူ၏ ရင်ဘတ်ကို ကြည့်လိုက်သည်နှင့် အပြာရောင်ကောင်းကင် ဆိုသည့် 
စာသားက ထင်ကနဲ။

ကြည့်ရသည်မှာ Grace Palace ဆိုင်နဲ့ မျက်စောင်းထိုးက ဆိုင်ပိုင်ရှင်တွေ ဖြစ်ပေလိမ့်မည် ဟု လုချင်းယီ တွေးလိုက်သည်။ သို့ပေမယ့် သူမကို ဘာ​ကြောင့် မျက်စောင်းထိုးနေလဲဆိုတာကိုတော့ စဥ်းစားမရ။

ဒီမိန်းကလေးကို ငါ...ပထမဆုံးမြင်ဖူးတာလေ၊ ဘာလို့ ငါ့ကိုအဲ့လိုကြီးကြည့်နေတာတုန်း။

သူမလေး၏ ဖြေရှင်းမရတဲ့ မေးခွန်းတွေကို စဥ်းစားနေစဥ် ထိုမိန်းကလေး၏ အကြည့်သည် ရှန်းရီဆီ ရောက်သွားပြီး နူးညံ့ပျော့ပျောင်းသွားသည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now