စာစဥ်၄( အပိုင်း၁၊၂)

776 76 12
                                    

❤စီအီးအိုရဲ ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း ၁

သူ၏ နှုတ်ခမ်းထောင့်သည် ကွေးညွတ်သွားပြီး ထို့နောက် ပြုံးဖြဲဖြဲလုပ်ကာ သူမကို စိုက်ကြည့်နေသည်။

အာ...သူမရှက်နေတဲ့အချိန်ဆိုရင် အရမ်းချစ်ဖို့ကောင်းတာပဲ...။

" ဘာလို့ အဲ့လိုကြီးကြည့်နေတာလဲ....? ကျွန်မရှက်လာပြီ....''

လုချင်းယီ၊ သူ့ရဲ့ အကြည့်နှင့်မဆုံအောင် မျက်နှာလွှဲလိုက်၏။ ဒါပေမယ့် သူ၏ ရယ်သံကြောင့် သူမမျက်နှာလေးက ပိုပြီး နီရဲလာတော့သည်။

" ကိုယ်ဘာလုပ်လို့လဲ...?''
ချင်းယီက သူ့ရဲ့ ရင်ဘတ်ကို ဖွဖွလေးထုလိုက်ကာ....

" ကျွန်မကို စနေတာ ရပ်လိုက်တော့...၊ အရူးကြီးရဲ့... !''

ထို့နောက် သူမခံစားမိလိုက်သည်က သူ့ရဲ့လက်သည် သူမဦးခေါင်းထက်ရောက်လာပြီး သူမ၏ ဆံနွယ်တွေကို ပွတ်သပ်နေကာ....

" ဟုတ်တယ်...ဟုတ်တယ်၊ ကိုယ်က အရူး...ဒါပေမယ့် မင်းလေးရဲ့ အရူးပေါ့။ စာမေးပွဲမှာ အရမ်းကြီး စိတ်မပူနေနဲ့နော်..။.နောက်ထပ် ကိုယ်တို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အတူတူနေသွားရမယ့်အချိန်တွေအများကြီးရှိသေးတယ်.....အခု မင်းစိတ်ထဲမှာ မှတ်ထားရမှာက ကိုယ်တို့ တစ်သက်လုံး အတူတူနေသွားကြမယ်.... ဟုတ်ပြီလား....''

ရှန်းရီ၏ ရင်ခုန်စေနိုင်သော စကားတွေကြောင့် သူမမျက်နှာလည်း နီသထက် နီရဲလာလေ၏။

အမလေး.... ရင်ခုန်လိုက်တာ...! ရှန်းရီက ဒီလိုစကားတွေကို ဘယ်တုန်းက ပြောတတ်သွားတာလဲ...? ကုန်းယီကျွင်းနဲ့ တွဲခဲ့ဖူးတဲ့ ခုနစ်နှစ်လုံးမှာ ဒီလို ခံစားချက်မျိုးကို တစ်ခါမှမခံစားဖူးဘူး။ အချစ်ဆိုတဲ့အရာက အရမ်းကို ပြင်းထန်ပါလား....?

" စာမေးပွဲ ဖြေကြသူများအားလုံး......နေရာယူကြဖို့ ဖိတ်ခေါ်ပါတယ်....။ နောက် မိနစ်သုံးဆယ်ကျရင် စာမေးပွဲ စပါတော့မယ်....''

ကျယ်လောင်စွာ ထွက်ပေါ်လာသော သတိပေးသံက ထိုစုံတွဲ၏ သာယာကြည်နူးမှုကို ဖြိုခွင်းလိုက်၏။ လုချင်းယီက ရှန်းရီရဲ့ လက်မောင်းကို ဖက်ထားပြီး သူမမျက်လုံးမှာတော့ ကြုံတွေ့ရမယ့် စိန်ခေါ်မှုကြီးကို ကြောက်ရွံ ့ခြင်းမရှိဘဲ ကိုယ့်ကိုယ်ကို ယုံကြည်နေသည့် အရိပ်အယောင်များပေါ်နေတော့သည်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now