စာစဥ်၄(အပိုင်း ၃၈၊၃၉)

583 76 3
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ်၄။ အပိုင်း ၃၈

" ကျွန်မမှာ မနာလိုဖြစ်စရာ အကြောင်းပြချက်မရှိဘူး....''
လုချင်းယီ.... အမှန်တရားကို ပြောပြဖို့ စဉ်းစားလိုက်ပြီး ဆက်ပြော၏။

" စောစောတုန်းက ကျိုးရှီပြောတယ်မလား....သူ့မှာ ရည်းစားဦး ရှိခဲ့တယ်လို့။ အဲ့တာကို ကျွန်မလက်ခံပေးတယ်....ဘာလို့လဲဆိုတော့ အဲ့ဒီမိန်းကလေးက သူ့ရဲ့ အတိတ်လေ...ကျွန်မကသာ သူ့နားမှာရှိနေတဲ့ ပစ္စုပ္ပန်က မိန်းကလေးပဲ....''

" လုချင်းယီ....''
ကျိုးရှီက သူမလက်ကို ဖြည်းညင်းစွာ ကိုင်လိုက်သည်။

" ရှန်းရီလို လူမျိုးကို ချစ်မိသွားဖို့ဆိုတာက အရမ်းခက်ခဲမှန်း ကျွန်မသိပါတယ်။ ဒါပေမယ့် နားလည်ထားရမယ့်အရာတွေ အများကြီးရှိသေးတယ်....၊ သူက ဇီဇာကြောင်တတ်ပေမယ့် တကယ့်ကို တန်ဖိုးရှိတဲ့ ယောကျ်ားကောင်းတစ်ယောက်ပါ။ အဲ့တာကြောင့် သူ့အချစ်ကိုရဖို့ ဆိုတာက အရမ်းခက်ခဲလိမ့်မယ်။ ကျွန်မ ဒီလိုပြောလိုက်လို့ စိတ်ဆိုးကောင်း စိတ်ဆိုးသွားနိုင်တယ်...ဒါပေမယ့် အမှန်တရားပဲ....။ ကျွန်မ စောင့်ကြည့်နေတာကြာပြီ....မိန်းကလေးတွေက သူ့နားကပ်ဖို့ နှစ်တွေအကြာကြီး ကြိုးစားခဲ့ရပေမယ့် နောက်ဆုံးတော့ ကျရှုံးခဲ့ရတယ်။ ကျွန်မ သူ့ကို နတ်ဆိုးလို့ ပြောခဲ့တာက အကြောင်းအရင်းရှိတယ်....မိန်းကလေးတွေက သူ့ကြောင့်နဲ့ အချိန်တွေကုန် အသည်းကွဲပြီး နောက်ဆုံး အချည်းအနှီးပဲ ဖြစ်ခဲ့တယ်လေ....မိန်းကလေးကိုလည်း ကျွန်မ အဲ့လိုမဖြစ်စေချင်ဘူး.....''

ကျိုးရှီ၏ စကားကြောင့် လုချင်းယီ စိတ်ထဲ မခံချင်သလို ဖြစ်သွား၏။
ကျိုးရှီက သူမကို ရှန်းရီ အပျော်တွဲတဲ့ မိန်းကလေးလို့ ထင်နေတာလား....?

" ကျွန်မနားလည်ပါတယ်....ဒေါက်တာကျိုး...''
သူမ ဆက်ပြောပြန်သည်။

" ဒါပေမယ့် ကျွန်မမှာ တစ်ယောက်ယောက်နဲ့ တိုက်ခိုက်လိုစိတ်လည်းမရှိဘူး။ ကျွန်မလုပ်နိုင်တာက တစ်ခုက သူ့ကို ဂရုစိုက်ဖို့ပဲ....တကယ်လို့ သူသာ ကျွန်မကို ပစ်ပြီး တစ်ခြားတစ်ယောက်ကို တွဲရင် ကျွန်မ ဘာလို့ သူ့ကို ဒီတိုင်းထားရမှာလဲ သူ့ဟာကို ဖြတ်ပစ်လိုက်မှာပေါ့....''

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now