စာစဥ်၄ (အပိုင်း ၇၊၈)

594 70 1
                                    

❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဉ် ၄။ အပိုင်း ၇

" ဒီမှာ ကျွန်မရဲ့ ထမင်းကြော်ပါ ၊ အရသာရှိရှိသုံးဆောင်ပါ....''

လုချင်းယီ...၊ သူမရဲ့ ထမင်းကြော်ပန်းကန်တွေကို ဒိုင်တွေဆီ ကမ်းပေး၏။ ဒိုင်တွေကတော့ သူတို့ရှေ့ကို ထမင်းကြော်ပန်းကန်ရောက်လာတာနဲ့ မွှေးကြိုင်လွန်းတဲ့ အနံ ့ကို ချက်ချင်းရလိုက်ပါ၏။ အဲ့ဒီအနံ ့ကြောင့် ရှေ့က ဘယ်လောက်ပဲ မြည်းစမ်းခဲ့ပါစေ ထပ်ပြီး စားချင်စိတ်ကို နှိုးဆော်နေသယောင်။

လုချင်းယီတစ်ယောက် သူမကို ဒိုင်နှစ်ယောက် မျက်စိထောက်ထောင့် ကြည့်နေသည်ဟု ခံစားမိ၍ ပန်းကန်တွေချပြီးတာနဲ့  တစ်နေရာမှာရပ်ပြီး  ဒိုင်တွေရဲ့ စကားသံကို နားစွင့်နေမိသည်။

စီနီယာတန်း၏ မန်နေဂျာဖြစ်သူ ချွီ​ရှောင်​ဝေကတော့ လုချင်းယီရဲ့ လက်ရာကိုကြည့်ပြီး အရမ်းအံ ့သြနေ၏။ သူ...ဒီလက်ရာမျိုးကို မမြင်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာပြီဟု စိတ်ထဲတွင် တွေးထင်လိုက်တော့သည်။ ယခင်နှစ်က ထျန်းလင်ယွီလည်း ဒီလိုပုံစံမျိုးနဲ့ ဝင်ခွင့်ဖြေခဲ့သည်လေ။
ဒါပေမယ့် ဒိုင်တွေသတ်မှတ်ထားတဲ့ဘောင်ကွက်နဲ့ မဝင်ဘူးဆိုပြီး သူ ရှုံ့ချခဲ့သည်။

အခုတော့ လုစီဖေးရဲ့ လက်ရာကို ထျန်းလင်ယွီသာမက  ဒီအမျိုးသမီးကပါ ထပ်ပြီး ပြင်ဆင်လာပြန်ပြီ။ ဒါဆို ဒီအမျိုးသမီးက ဘယ်သူလဲ...? သူတို့နှစ်ယောက်က ဘယ်လိုများဆက်စပ်နေတာလဲ...?

" မင်းနာမည်...?''

" လုချင်းယီပါ ဆရာ...''

' ဘာ...လုမျိုးရိုးတဲ့လား...?' သူ ပန်းကန်လုံးထဲက ထမင်းကြော်ကိုကြည့်တော့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက လုစီဖေး လုပ်ခဲ့တဲ့ လက်ရာအတိုင်းပင်။

ထို့နောက် ချွီ​ရှောင်​ဝေတစ်ယောက် လုချင်းယီ၏ ကိုယ်ရေးအကျဉ်းကို ကြည့်ပြီး သူ့ကိုယ်သူ ကျိန်ဆဲမိတော့သည်။ နောက်ဆုံးတော့ ဒီမိန်းကလေးက သူတို့ဆုံးရှုံးလိုက်ရတဲ့ စီနီယာစီဖေးရဲ့ သမီးဖြစ်နေပါရောလား။

' စီနီယာလုက သူ့ဆီမှာ ကတိတွေ အထပ်ထပ်တောင်းခဲ့တာက ဒါကြောင့်လား...? ကလေးနှစ်ယောက်လုံး ဒီကို ပို့ပြီးတော့လေ....?'

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now