စာစဥ်၅ (အပိုင်း ၁၄)

489 55 3
                                    


❤စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး❤

စာစဥ်၅။ အပိုင်း ၁၄

လုချင်းယီ၏ အသံကို ဆက်မကြား၍ လျိုရင် သူမထံ အကြည့်ရောက်သွားတော့ လုချင်းယီက ပြန်လည်စိုက်ကြည့်နေသည့်အတွက် လန့်​​ဖြန့်သွားရသည်။ ထိုမိန်းကလေးက ဘာကြောင့် အရှိန်အဝါကြီးနေရလဲဆိုတာတော့ သူမလည်းပြောမတတ်။

တကယ်တော့ လုချင်းယီ... စိတ်မဆိုးနေပေ။ သူမ၏ မျက်ခုံးတွန့်ချိုးထားရုံက လျိုရင်ကို သက်သောင့်သက်သာမဖြစ်အောင်လုပ်နေပေသည်။ သူမပုံစံက မိုလီဟွေထက် ခန့်မှန်းရခက်နေသည်။

လုချင်းယီ ပြောမှာကို မစောင့်ဘဲ မိုလီဟွေက စပြောလာ၏။

'' လျိုရင်...နင့်လုပ်ပုံက ဆိုင်ကိုသိက္ခာကျစေတယ်။ မနက်ဖြန် ထွက်စာတင်ဖို့ ပြင်ထားလိုက်...''

လုချင်းယီ၊ အရမ်းလက်ခုပ်တီးချင်နေလေပြီ။
သူမထင်သလိုပဲ မိုလင်ယွီက လျိုရင်ကို ချနင်းသွားတာပင်။

'' မလုပ်ပါနဲ့...သခင်မလေးမို။ ကျေးဇူးပြုပြီး...''
လျိုရင်တစ်ယောက် အလန့်တကြားနှင့် တောင်းပန်နေ၏။

မိုလီဟွေက ဘာလို့ ဒီလိုဖြစ်နေတာလဲ..?
ဒီလိုလုပ်ပါလို့ သူပဲပြောခဲ့တယ်မလား...?

'' နင့်အပြစ်နဲ့နင်ပဲ လျိုရင်...''

'' စားသောက်ဆိုင်နှစ်ခုကြားမှာ ပြဿနာတွေ ဖန်းတီးတာ ကောင်းတဲ့ကိစ္စများထင်နေလား...?
''

'' နှုတ်ထွက်ရမယ်...ဟုတ်လား..?ဒီလိုလုပ်တာနည်းနည်းလွန်တယ်လို့ မထင်ဘူးလား မိန်းကလေးမို။ ဒီလိုလက်ဆောင်ပို့ခိုင်းတာ ရှင်လေ...၊ ကျွန်မသာဆို လျိုရင်ကို ခွင့်လွှတ်ပြီး မီးဖိုချောင် အလုပ်တွေကိုလုပ်ခိုင်းနေမှာ...''
.
လုချင်းယီ၏ စကားကြောင့် အားလုံးသည် ထိရှသွားပေပြီ။ သူတို့အားလုံးက လျိုရင်ကို မီးမွှေးသူအဖြစ် သိရှိထားလေသည်။အခုတော့ လုချင်းယီက အဲ့လိုလူကို ကာကွယ်ပေးနေလိုက်သေးသည်။
ထိုအဖြစ်က လုချင်းယီ၏ နာမည်ဆိုးကို ဖျောက်ဖျက်ပေးပြီး လူတိုင်းလည်း သူမအပေါ် အမြင်ကြည်လာလေ၏။

မိုလီဟွေ၏ အမူအရာသည် မဲမှောင်နေလေသည်။ အခုတော့ လုချင်းယီအပေါ် သူမအမုန်းတို့က ပိုပိုပြီး ကြီးထွားလာလေပြီ။ အကယ်၍ လုချင်းယီဟာ ပြိုင်ပွဲဝင်မပြိုင်ရင်တောင် ထိုလူကြီးနား ရှိနေသည့်အတွက် အနှောင့်အယှက်တစ်ခုပင်။

စီအီးအိုရဲ့ ဟန်ဆောင်ဇနီးလေး (အတွဲ ၂) ( ဘာသာပြန် - Zawgyi +Unicode)Where stories live. Discover now