Chapter_4

359 37 0
                                    

အပိုင်း(၄)

ထိုမြေခွေးမ၏ ပြောင်းလဲသွားသော ခန္ဓာကိုယ်ကြောင့် အကုန်လုံး မျက်လုံးအပြူးသား ဖြစ်သွားတော့သည်။

အနှီမြေခွေးမသည် သေးငယ်သော ယောကျာ်းသားတစ်ယောက်၏ ပုံသဏ္ဍာန်ဖြစ်သွားကာ အမြီးခပ်ကြီးကြီးတစ်ခုသာ ရှိတော့သည်။ သူ၏မလုံမခြုံသာ ဝတ်ထားသော ခန္ဓာကိုယ်ဟာလည်း ယောကျာ်းလေးပုံဖြစ်သည့်တိုင် ချောမောနေသေးသည်။ အဓိကကသူ၏ သေးငယ်သောနှုတ်ခမ်းရဲရဲလေးများမှာ ချစ်ဖို့ကောင်းလေသည်။

ထိုအထီးအမ မသေချာသည့်မြေခွေး၏ ပုံစံအားကြည့်ရင်း လီချင်းက သူမ၏ပုံဆွဲပစ္စည်းများအား ပြေးကောက်ကာ ချက်ချင်းဆိုသလို ဝတ်ရုံတစ်ခုအား ဖြစ်ကလက်စမ်းဆွဲလိုက်တော့သည်။

ထိုအချိန်တွင် မြေခွေးလေးဟာ သူ၏ဆံပင်အား သပ်လိုက်ရင်း စောနကလို မထိမဲ့မြင် အပြုံးပြုံးလိုက်သည်။

"ငါက ဒီမြေအောက်ဘုံကို နောက်ကွယ်က စောင့်ရှောက်ရတဲ့လူပဲ...မင်းတို့က ဒီကိုလာရန်ပြုတာလား"

မြေခွေးလေးဟာ သူ၏မျက်လုံးတစ်ဖက်အား ပင့်လိုက်ပြီး ဆိုလိုက်၏။ ထိုအချိန်တွင် လီချင်းဟာ ဝတ်ရုံဆွဲခြင်း အပြီးသတ်သွားသည့်အတွက် စိတ်အာရုံအားစုစည်း၍ အတွင်းအားတို့အား ထိုပန်းချီကားပေါ်သို့ ဖြန့်ချလိုက်ပြီး ပြန်ဆွဲယူလိုက်တော့သည်။ ထို့နောက် ပန်းချီကားချပ်ဟာ ပျောက်ကွယ်သွား၍ ၎င်းအစား သူမဆွဲထားသော ပန်းချီကားထဲမှ ဝတ်ရုံဟာ အပြင်တွင် ထွက်ပေါ်လာတော့သည်။

ယင်းဝတ်ရုံအား လီချင်းက ချက်ချင်း ကောက်ယူလာပြီး ထိုမြေခွေး၏ခန္ဓာကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။ ထို့နောက်မကျေနပ်သလို အကြည့်တစ်ချက်ကြည့်၍ ပြန်လှည့်ကာ မုချင်ရီအနားပြန်ကပ်လာသည်။

သူမ၏စိတ်ထဲတွေးနေသည်ကတော့...ထိုအထီးလား၊အမလား မကွဲသည့်မြေခွေးဟာ သူမ၏ဆရာတူအစ်ကိုအား မြူစွယ်နေခြင်း ဖြစ်မည်ဟူ၍သာ။ သူမ၏ဆရာတူအစ်ကိုအား သူမရှိလျက်ဖြင့် ဘယ်လိုနည်းနှင့်မှ မြူစွယ်လို့မရပေ။

အခြားလူတွေဟာလည်း အရင်စမပြောသည့်အတွက် ဖန်းရုံ သက်ပြင်းသက်သက်လေးချလိုက်ပြီး သူပဲပြောရမှန်း သိသွားလေသည်။

PortraitMaster(Complete)Where stories live. Discover now