Chapter_37

47 9 0
                                    

"အစ်ကိုကြီး...ကျွန်မဆီလာတယ်။ ကျွန်မ လုပ်ရပ်ကို အစ်ကိုကြီး ဆူမလို့လား?"

လီချင်းမှာ မလာစဖူး သူမ ဆီလာသော ဆရာတူအစ်ကိုကြီး မုချင်ရီကြောင့် သူမ ထူးဆန်းသည်ကို ခံစားမိသည်။ သို့ပေသော်လည်း သူမက မနေ့ကကိစ္စကို ပြောမည်ဆိုသည်ကို သဘောပေါက်သွားသောကြောင့် သက်ပြင်းချကာ ဆိုလိုက်မိသည်။

"ခဏဝင်လို့ရမလား..ဖန်းရုံကိုပါ ခေါ်လာတယ်"

မုချင်ရီက သူမကို ဝင်ခွင့်တောင်းလိုက်သည်။ ဖန်းရုံကိုပါ သူနှင့် အတူပေးဝင်ခိုင်းလိုက်ခြင်းမှာ မိန်းကလေးနှင့် ယောကျာ်းလေး နှစ်ယောက်တည်းသာ ရှိနေပါက အများပြောစရာဖြစ်မည်ကိုလည်း စိုးရိမ်သလို မနေ့က ကိစ္စကြောင့် သူတို့နှစ်ယောက်ဟာ လူတော်တော်များများက စိတ်ဝင်စားခြင်း ခံနေရသောကြောင့် တစ်မျိုးအတွေးမခံရအောင် ဖန်းရုံကိုပါ ခေါ်ခဲ့ခြင်း ဖြစ်လေ၏။

"ဖန်းရုံပဲလား...ဟိုတစ်ယောက်ရော"

လီချင်းကမုချင်ရီဘေးမှ ဖန်းရုံကို တစ်ချက်ကြည့်ပြီး ဆိုလိုက်သည်။ ယခုလာသည်ကား သူတို့ နှစ်ယောက်တည်းသာ။ ယန်ကျန်းလီ မပါသောကြောင့် သူမက ​မေးလိုက်ခြင်း ဖြစ်လေသည်။

ထူးထူးဆန်းဆန်း ယန်ကျန်းလီကို တစ်ယောက်တည်း ထားခဲ့လို့ပါလား။

"ကျန်းလီကို တင်ဖန်းယဲ့နဲ့ စကားပြောရင်း ခဏစောင့်ခိုင်းထားတယ်..အခုအစ်ကိုကြီးတို့ ပဲလာတာက ပြောစရာရှိလို့"

"ဒါဆို အစ်ကိုကြီး အရင်ဝင်လာပါ။ ရှင်ရောပဲ"

သူမ ထိုနှစ်ယောက်အား အထဲသို့ အရင်ဝင်ခိုင်းလိုက်လေသည်။ မုချင်ရီက အထဲမဝင်ခင် ဖန်းရုံဘက်အား တစ်ချက် လှည့်ကြည့်လေရာ ဖန်းရုံကခေါင်းတစ်ချက် ငြိမ့်လိုက်ပြီးမှ အထဲသို့ဝင်လာသည်။ သို့်ပေသော် အနှီအပြုအမူတို့အား လီချင်းက မမြင်ခဲ့ပေ။

"ဆရာတူညီမလေး"

အခန်းထဲဝင်ပြီးနောက် မုချင်ရီက သူမအား ထပ်မံခေါ်လိုက်ရာ သူမက နားမလည်သလို မုချင်ရီအား ပြန်ကြည့်လာသည်။ သူမစိတ်ထင် တစ်ခုခုမှားယွင်းနေသည်ကို ခံစားရသည်။

PortraitMaster(Complete)Where stories live. Discover now