Chapter_51

101 5 0
                                    

"မင်းတို့ပြောတဲ့ အလင်းဖောက်ဓားက ဒီထဲမှာလား"

မုချင်ရီက မေးခွန်းထုတ်လိုက်သည်။

"ဟုတ်တယ်ရှင့်...ဒီတောင်ရဲ့ အလယ်လောက်မှာ ပြီးတော့ သတိထားပါ ဒီတောင်က ဟိုအစောင့်အရှောက်နှစ်ယောက် စောင့်ရှောက်နေတဲ့တောင်ပဲ သူတို့အချိန်မရေး ဝင်ထွက်နိုင်တယ်"

ရှင်းမင်က ဆိုလေ၏။ သူက မိန်းကလေးအသွင်နှင့် ရောက်လာခြင်းသာ ငရဲမီးအရှင်ကိုတော့ မြွေခွေးမလေးကိုလွှတ်ထားပြီး သူကဒီဘက်က အခြေအနေတွေကြည့်ထားမယ်လို့ လိမိထားသည်။ ငရဲမီးအရှင်က ဟမေးခွန်းထုတ်သော အကြည့်ဖြင့်ရှင်းမင်းကိုကြည့်လိုက်ပြီးနောကိ

"မင်းကြီးကို ဘယ်လိုကယ်ရမှာလဲ? ရှင်းမင်ပြောခဲ့လား?"

ငရဲမီးအရှင်၏ စကားတို့ကား သာမန်ထက်ပို၍ နူးည့ံနေသဖြင့် မုချင်ရီရှင်းမင်ကို ကြည့်ရာ ရှင်းမင်က ရှက်ကိုးရှက်ကန်းနှင့် မုချင်ရီကို ပြုံးပြကာ ဘာမှမပြောနဲ့နော်ဆိုတဲ့သဘောဖြင့် ​ကြည့်နေသည်။

"အိုက်ယား...အခုအဲ့တာအတွက် အရေးမကြီးဘူး..အရင်ဆုံး ဓားကိုရှာရမယ်!!"

ရှင်းမင်က ပြောပြီးတာနဲ့ ဓားရှိရာ ဂူအလယ်ပိုင်းသို့ ဝင်လာလိုက်သည်။ သို့ပေမယ့် သူ၏လက်တို့ကား လှုပ်မရတော့ပေ ဂူ၏အောက်ကြမ်းပြင် ဂူအမိုး ဂူနံရံတို့မှ စောင်းကြိုးပုံစံနှယ် ကြိုးတို့က သူတို့အား ရစ်ပတ်လိုက်လေသည်။

"အဲ့တာအရေးကြီးတယ်လေ...ရှင်စောစောပြောသင့်တာ ဘာလို့ဆိုရှင်က သေရတော့မှာမို့လို့ပဲ"

သဘင်သည်မိန်းကလေးလျန်ရီဟာ မောင်တော်နှင့်အတူ မြွေအရှင်ကိုပါ ခေါ်ရင်း စောင်းကို ပိုက်လျက်ပေါ်ထွက်လာပေသည်။ ထိုအခိုက် ရှောင်ယွင်သတိထားမိတာက သူတို့အစောင့်အရှောက်နှစ်ယောက်ကိုသာ ဖမ်းထားလေပြီး မုချင်ရီကို မဖမ်းချုပ်ထားပေ။

"မြန်မြန်သွားယူ!!"

ရှောင်ယွင်က မုချင်ရီကို အချက်ပြလိုက်သည်။

မုချင်ရီလည်း ငရဲမီးအရှင်၏ ပြောစကားကြောင့် အထဲသို့​ပြေး ဝင်သွားပြီး ရှင်းမင်ပြောထားခဲ့သော အလင်းဖောက်ဓားကို သွားရှာယူလေသည်။

PortraitMaster(Complete)Kde žijí příběhy. Začni objevovat