Chapter_13

135 23 1
                                    

အပိုင်း(၁၃)

ညသည်ကား တရွေ့ရွေ့ဖြင့် ကုန်ဆုံးလာလေပြီ။ မုချင်ရီတစ်ယောက်မှာ တစ်ရေးနိုးပြီး ပြန်မအိပ်ချင်တော့သည့်အတွက် သေရည်တစ်အိုးအား တောင်းကာ သူ့အတွက် ပေးထားသည့် အဆောင်တစ်ခု၏ ခေါင်မိုးပေါ်တွင် အရက်ထိုင်သောက်နေသည်။ သေရည်ကို ထည့်သောက်ဖို့ ခွက်ကိုတောင် မယူတော့ဘဲ သေရည်အိုးကိုမ၍ မော့သောက်လေတော့ ပူပြင်းသည့် သေရည်ဟာ လည်ချောင်းမှနေ၍ အစာအိမ် တလျှောက်ကို စီးဝင်သွားသယောင် ခံစားချက်အား ရတော့သည်။ ပူပြင်းလှသည်...သို့ပေမယ့် ကောင်းမွန်ပေသည်။

ထိုအချိန်တွင် ယန်ကျင်းချန်မှာသည်ကား မနက်မိုးလင်းတော့မည် ဖြစ်သောကြောင့် အမြန်နန်းတွင်းသို့ဝင်လာသည်။ သူသည် လူတွေ့မည် စိုးသောကြောင့် ပုံမှန်တံခါးပေါက်မှ မလာပဲ ခေါင်မိုးတို့ တစ်ခုပြီးတစ်ခု ခုန်ပြီးဝင်လာသည်က မှားယွင်းသော အမှားတစ်ခုဖြစ်သွားလေ၏

သူသည် ခေါင်မိုးတို့အပေါ် တစ်ခုပြီးတစ်ခု ခုန်လာရင်း မုချင်ရီရှိသော ခေါင်မိုးနှင့် ခပ်လှမ်းလှမ်းရောက်တော့မှ ထိတ်ပြာသွားလေပြီး အနောက်ပြန်ဆုတ်၍ အခြားလမ်းမှသွားမည် ပြင်လိုက်​ပေမယ့် မုချင်ရီက သူ့အား သတိထားမိသွားသည်။

"ဘယ်သူလဲ!?"

မုချင်ရီလည်း ခြုံလွှာခြုံထားသည့် အနှီသူအား မြင်လေတော့ သူ၏မျက်မှောင်တို့ ကျုံ့သွားပြီး လက်ထဲမှ သေရည်အိုးအား 'ခွမ်း'ခနဲ ခွဲကာ သူ့ဆီသို့ ချည်းကပ်လာလေသည်။

ယန်ကျင်းချန်လည်း မုချင်ရီ သူ့နားလာသည်ကို တွေ့တော့ သူတွေးထားသည့်အတိုင်း နောက်ကိုပြန်လှည့်ပြီး ပြန်ဆုတ်ခွာလိုက်သည်။ မုချင်ရီတစ်ယောက်အနေနှင့် သူ့အား မိသွားလို့မဖြစ်ပါ။

သို့ပေသော်လည်း သူ၏စိတ်ကူးကား မပြည့်ချေ။ သူဒီလောက် ရှောင်တာတောင် မုချင်ရီက သူ၏ လွင့်ကျန်ခဲ့သော ခြုံလွှာစအား ဆွဲလိုက်နိုင်သောကြောင့် တစ်ချက်ဟန်ပျက်သွားပြီး အောက်သို့ ပြုတ်ကျသွားလေသည်။

"ဘုန်း..."

မဖြစ်နိုင်တာ...။ယန်ကျင်းချန်သည်ကား မြေအောက်ဘုံ၏ ဘုရင်မင်းမြတ်တစ်ပါး..။ အဘယ့်ကြောင့်များ သူဟာ အနှီလူသားဆီမှ လွတ်အောင် မပြေးနိုင်ရတာလဲ? အတော်လေး ပြေးလိုက်ရလျှင်က တော်သေးသည်..။ အခုဟာက တစ်ချက်ကလေး လှမ်းဆွဲလိုက်တာနဲ့ မိသွားသည်ဆိုသည်ကတော့ သူ၏မာနအား တစ်ချက် ထိခိုက်သွားတော့သည်။

PortraitMaster(Complete)Where stories live. Discover now