Chapter_46

81 4 0
                                    

ရှင်းမင်ဟာ တိုင်းပြည်အတွင်းက လူသားမျိုးနွယ်စာရင်းကို တွက်ချက်နေရင်း ဘာမဆိုင်၊ညာမဆိုင် အတွေးတစ်ခုဝင်လာသောကြောင့် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ သူဟာ အခုနောက်ပိုင်း အရင်ကထက်ပို၍ ဘဝကခက်ခဲနေသည် ကိုသိလေ၏။

သူ့ဘဝ၏ လျိုဝှက်ချက်တို့ဟာလည်း ဒီလောက်အကြာကြီး ဖုံးကွယ်ထားတာတောင် အခုမှပေါ်ပေါက်လာသည်။ ပြီးတော့ သူနေထိုင်ခဲ့သော ဘဝရာချီ၊ ထောင်ချီတွင် ပထမဆုံးအကြိမ်အဖြစ် သူများ လျိုဝှက်ချက်အား အခွင့်ကောင်းယူ၍ ချုပ်ကိုင်ခြင်းသာ။

ပြီးတော့ ပထမဆုံးအကြိမ်ဖြင့် သူတို့၏ မင်းကြီးကား လူသားတစ်ယောက်နှင့် မေတ္တာမျှခဲ့ပြီး ထိုလူသားဟာ ယောကျာ်းလေး တစ်ယောက်ပေတဲ့။

ဤသို့မျှ ထူးဆန်းသော အရာမျိုးကို တွေ့ကြုံရမည်ဟု သူမထင်ခဲ့ပေ။

"ကိုယ်တော်မရှိတဲ့ ရက်တွေမှာ တိုင်းပြည်ရေး အခြေအနေဘယ်လိုရှိပါလဲ"

ထိုအစဉ်အခန်းထဲသို့ဝင်လာသောမင်းကြီး၏အသံနှင့် နှစ်ယောက်ဝင်လာသောခြေသံ၊ သူ မကြည့်ရင်တောင် မင်းကြီးတို့ပြန်လာပြီ ဖြစ်ကြောင်းပြောနိုင်သည်။

"မင်းကြီးကို ဂါရဝပြုပါတယ်"

ရှင်းမင်က မင်းကြီးရောက်လာသည်ကိုမြင်သည်နှင့် သူကမျက်နှာကို မကြည့်သေးဘဲ သူက ဂါရဝပြုခဲ့သည်။ ယန်ကျင်းချန်သည်ကား ချောင်းတစ်ချက်ဟန့်လိုက်ကာ ပြန်မမတ်ခိုင်းသေးပဲ မုချင်ရီဘက်အား လှည့်လိုက်လေသည်။

"အစ်ကို ခဏလောက် သွားနားနေပါလား..ကျွန်တော် ညီလာခံကိစ္စ တိုင်ပင်စရာရှိလို့ပါ"

မုချင်ရီကိုအစ်ကိုဟုခေါ်ပြီး သူကိုယ်သူကျွန်တော်ဟုပြောသော မင်းကြီးတို့၏ ဆက်ဆံရေးသည်ကား မတွေ့ရသည့် အတောအတွင်း အတော်လေး နက်ရှိုင်းလာမှန်း ရှင်းမင် သိရှိသွားသည်။

မုချင်ရီသည်ကား ခေါင်းငြိမ့်လိုက်ပြီးနောက် အရင်က သူအပါအဝင် သုံးယောက်နေထိုင်ခဲ့သော ရှင်းမင်၏ အိမ်တော်သို့ ပြန်သွားတော့သည်။ ထိုအခါမှ ယန်ကျင်းချန်မှာ ဂါရဝပြုနေသော ရှင်းမင်၏ ခန္ဓာကိုယ်အား ပြန်မတ်ခိုင်းတော့သည်။

PortraitMaster(Complete)Where stories live. Discover now